Blogger Widgets

Wednesday 29 May 2013

ဆန်စက်အချို့ ရပ်နားထားရ၍ စပါးဈေး ကျဆင်း

ရေတာရှည် မေ   ၂၈
ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် အတွင်းရှိ ဆန်ကြိတ်စက် အချို့မှာ လျှပ်စစ်မီး အခက်အခဲကြောင့် ရပ်နားထားရ သဖြင့် စပါးဝယ်လိုအားနည်းကာ ဈေးနှုန်း ကျဆင်းခဲ့ရကြောင်း သိရသည်။
မေလဆန်းပိုင်း မိုးစပါးပေါ်စတွင် စပါးတင်း ၁ဝဝ လျှင်ငွေကျပ် လေးသိန်းနှင့် အထက်ရရှိခဲ့ပြီး စပါးဝယ် လိုအားလည်း အထူးပင် မြင့်တက်ခဲ့သည်။ ယခုနောက်ပိုင်း ပါဝါမီတာ အသုံးပြုသော ဆန်စက်များကို  ဓာတ်အား လိုအပ်ချက်အရ ရပ်နားခဲ့ရာတွင် စပါးဝယ်ယူမှု သိသိသာသာ ကျဆင်းသွားခဲ့ပြီးလက်ရှိ စပါးတင်း ၁ဝဝ လျှင်ငွေကျပ် သုံးသိန်းတစ်သောင်း အထိ ကျဆင်းသွားကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top