Blogger Widgets

Wednesday 29 May 2013

လင်မယားစကားများ ကားအောက်ထိုးဝင်

လင်မယားချင်း စကား များရန်ဖြစ်ပြီး မိန်းမဖြစ်သူက လာနေတဲ့ ကားရှေ့ ရုတ်တရက် မှောက်အိပ်
လိုက်တဲ့ သေဆုံးမှုတစ်ခု ယခုလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

မတ္တရာမြို့နယ်၊ ကျောက်တံတား ကျေးရွာတောင်ဘက် မန္တလေး- မိုးကုတ် သွားလမ်းပေါ်မှာ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူကို စိတ်ဆိုး ပြီး မောင်းလာတဲ့ယာဉ်ရှေ့ကို ရုတ်တရက်
မှောက်အိပ်လိုက်ရာ ဦးခေါင်းကိုကြိတ်မိ ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ယာဉ် မောင်းအမျိုးသားကို မတ္တ ရာမြို့နယ် ရဲစ ခန်းက ယာဉ် (ပ) ၁၁/ ၂၀၁၃၊ ပုဒ်မ ၃၀၄ (က) နဲ့ အ
မှုဖွင့် အရေးယူထားပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top