Wednesday, May 15, 2013
၂၁၁၀ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ ဂီရိ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ မြေပုံမြို့သူ မြို့သားတွေဟာ အခု ဘင်္ဂလား ပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မဟာဆန် မုန်တိုင်းကလည်း ရခိုင်ဘက်ကို ၀င်နိုင် တယ်လို့ ခန့်မှန်းထားတဲ့ အတွက် စိုးရိမ်မူတွေ တိုးပွားနေ ချိန်မှာ မြို့ပြင် ဒုက္ခသည် စခန်းတွေက မူဆလင် ဒုက္ခ သည်တွေကိုမြို့ ထဲကိုရွှေ့ မယ်ဆိုတဲ့ သတင်းတွေေ ကြာင့် တမြို့လုံး လူပ်လူပ်ရွရွ ဖြစ်ကာ တပူပေါ် နှစ် ပူဆင့်ဖြစ်နေကြရတယ်လို့ သတင်းတွေ ရရှိပါတယ်။
ဒါကြောင့် မြို့ထဲက ရှိရှိသမျှ အမျိုးသမီးတွေဟာ မနေ့ မနက်က ဘုန်းတော်ကြီး ကျောင်းမှာ လူ စုပြီး မြို့နယ် အုပ်ချုပ် ရေးမှူးရုံးကို ချီတက်ကာ ဒုက္ခသည်တွေကို မြို့ထဲ ရပ်ကွက်တွေကို မရွှေ့ပြောင်းပေး ဖို့ တောင်းဆို ခဲ့ကြတယ်လို့ ဆိုပါ တယ်။
“ ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားပါတယ်။ ဆန္ဒပြတဲ့အဆင့်တော့မဟုတ်ပါဘူး။ ဘင်္ဂလီတွေကို မြို့ထဲမှာ နေရာချ ရင် ရခိုင် တွေနဲ့ နီးနီးကပ်ကပ် ဖြစ်သွားမယ်။ နီးနီးကပ်ကပ် ဖြစ်သွားရင် မုန်တိုင်းကြားထဲမှာ နောက်ထပ် ပဋိပက္ခတွေ ဖြစ်သွားရင် ဘယ်လို လုပ်မလဲ။ ဒါကြောင့် နောက်ထပ်ပြသနာ ထပ်မဖြစ်ရအောင် နီးနီးကပ်ကပ် မထားဖို့ ကန့်ကွက်ကြတဲ့ သဘောပါ။”ဒါကတော့ မြေပုံမြို့ပေါ်က ဆရာတော်တစ်ပါး မိန့်ကြားတာ ဖြစ်ပါတယ်။
မြေပုံ မြို့နယ်အုပ် ချုပ်ရေးမှူးကတော့ မုန်တိုင်းဘေးကနေ လွတ်ကင်းအောင်မြို့ပြင် ဒုက္ခသည် စခန်းတွေက မူဆလင်ဒုက္ခသည်တွေကို လုံခြုံမူပိုရှိတဲ့မြေပုံမြို့ အမှတ် (၁)ရပ်ကွက်က စည်ပင်ရုံး၊ သမ၀ါယမရုံးနဲ့ ဆောက်လုပ်ရေးရုံးတွေမှာ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
စည်ပင်ဝန်ထမ်း မိသားစုတွေကိုလည်း ဒုက္ခသည်တွေကို နေရာ ချပေးဖို့ အတွက် စည်ပင်ရုံးကနေ ဖယ်ခိုင်းထားတယ်လို့ သိရပါတယ်။“ ကျွန်မတို့က မုန်တိုင်းတိုက်မှာကို ကြောက်ရမလား။ တစ်ဘက်မှာ သူတို့ကို နေရာချလိုက်ရင်ဘင်္ဂလီတွေကို ကြောက် ရမလား။ ကျွန်မတို့နဲ့ နီးနီးကပ်ကပ်နေရာချထားရင် အမျိုးသမီးများအတွက် လုံခြုံမှုမရှိတဲ့ အပြင် နောက်ထပ်ပြဿနာတွေပါ ဆက်ဖြစ်နိုင်တဲ့ အတွက် မီးဘေးရှောင် မလောင်ခင်တား သဘောမျိုးနဲ့ နောက်နေရာတွေမှာသာ ရွှေ့ပြောင်း နေရာချထား ဖို့နဲ့ မြို့ထဲကို ခေါ်မလာဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” လို့ မြေပုံ ဒေသခံ အမျိုးသမီး တစ်ဦး က ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ရေးအတွက် ယာယီ နေရာချထားပေး ဖို့ စီစဉ်တာ ဖြစ်တယ်လို့ ပြောဆိုတယ်လို့ ဆိုပါတယ်။ မုန်တိုင်းအခြေအနေကလည် ထူးခြားမူမရှိသေး တဲ့အတွက် ဒုက္ခသည်တွေကို ယခုအချိန်ထိ ပြောင်းရွှေ့နေရာချပေးတာကတော့ မရှိသေးဘူးလို့ သိရပါ တယ်

No comments :
Post a Comment