Blogger Widgets

Tuesday 21 May 2013

မိတ္ထိလာမွတ်စလင်မ် င်္သချိုင်းကို မတရား ထပ်ကျော့ သိမ်းရန် ရာဇသံပေး

အရင်တုန်းကတော့ အခြေအနေ အရခွင့်လွတ်လိုက်တယ်။အခုတော့ ပုဒ်မ ၁၄၄ ထုတ်ထားတာ၊လုပ်ထုံးလုပ်နည်းတွေ အကုန်လုပ်တတ်တယ် ပာု ဗိုလ်မှုးကြီးအောင်ကျော်မိုး ခြိမ်းခြောက်
မေ ၁၉ ။၂၀၁၃
မိုးချစ်သူ
မိတ္ထိလာမြို့မှာရှိတဲ့ မွတ်စလင်မ်င်္သချိုင်းကို အခု အခါမှာ စည်ပင်ကသိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ တစ်ပတ်အတွင်း ပြောင်းရွေ့စရာရှိတာပြောင်းရွေ့ဖို့နဲ့ အဲသလိုမှ မပာုတ်ရင်တော့ နှုတ်နဲ့ပြောမရရင် လုပ်ထုံးလုပ်နည်းတွေ အကုန်လုပ်တတ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီး ဗိုလ်မှုးကြီး အောင်ကျော်မိုး က မြို့ခံ မွတ်စလင်မ်တွေ ကို ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။
ယနေ့နေ့လည် ၁၂ နာရီက ခရိုင်ထွေအုပ်ရုံးမှာ ဘာသာပေါင်းစုံ ကိုယ်စားပြုပုဂ္ဂိုလ်တွေအပြင် မြို့မိမြို့ဖတွေကို နယ်စပ်ရေးရာ နှင့် လုံခြုံရေး ၀န်ကြီးလည်းဖြစ်တဲ့ ဗိုလ်မှုးကြီးအောင်ကျော်မိုး က အထက်ပါအတိုင်းအစ္စလာမ်ကိုစားပြုတက်ရောက်သူတွေကိုခြိမ်းခြောက်ပြော
ကြားလိုက်တာ ဖြစ်တယ်လို့ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာ ကိုပြောပါတယ်။
ဖျက်သိမ်းပြီး ဦးပိုင်ကိုရောင်းစားတော့မှာ ဖြစ်တဲ့ မိတ္ထိလာမွတ်စလင်မ် င်္သချိုင်းကို ၂၀၁၀ ခုနှစ်တုန်းကလည်း ဦးပိုင်က ဘူဒိုဇာနဲ့ ညပိုင်း သူခိုးထွက်ချိန်မှာ ဖျက်ဆီးခဲ့ပေမယ့် အပြီးရောက်တဲ့အထိ အထ မမြောက်ခဲ့ဘဲ နံနက်ဝေလီဝေလင်း အချိန်မှာ မွတ်စလင်မ် အင်အား ၁၀၀ လောက်က သွားရောက် ကန့်ကွက်ခဲ့တဲ့ အတွက် အဖျက်လုပ်ငန်းစဉ်ကို ရပ်နားထားရဖူးပါတယ်။
“ငါတို့ ဦးပိုင်ကို တော်တော်ရှင်းလိုက်ရဖူးတယ်။အရင်တုန်းကတော့ အခြေအနေ အရခွင့်လွတ်လိုက်တယ်။အခုတော့ ပုဒ်မ ၁၄၄ ထုတ်ထားတာ၊ လုပ်ထုံး လုပ်နည်းတွေ အကုန်လုပ်တတ်တယ်လို့ ဗိုလ်မှုးကြီးအောင်ကျော်မိုး ကဒီနေ့ ခြိမ်းခြောက်လိုက်ပါတယ်” လို့လည်း မိတ္ထှိလာမြို့မှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။ ယခင်တုန်းကတော့ မွတ်စလင်မ်င်္သချိုင်းကို ဖျက်ဆီးပြီး ဗန္ဓုလ ကုမ္ပဏီပိုင် တော်ဝင်ယဉ်လိုင်း ကားဂိတ် လုပ်ဖို့ကြံရွယ်ခဲ့ဖူးတယ်လို့ လဲသိရပါတယ်။
မွတ်စလင်မ်င်္သချိုင်းက၁၉၃၁ ခုနှစ်ကတည်းက ဂရန် အမည်ပေါက်ထားတာပါ။သာသနာ့မြေလို့သတ်မှတ်ထားတာပါ။မြေပုံမြေရာဇ၀င်မှာ မပာာမေဒင် င်္သချိုင်းလို့ပဲပါတယ်။ စည်ပင်လို့လည်း မပါဘူး၊ဦးပိုင်လို့လည်း မပါဘူး လို့ မိတ္ထိလာမြို့က ဥပဒေပညာရှင်တစ်ဦးကပြောပါတယ်။
ခရိုနီအုပ်စုတွေ သားရေကျတဲ့ မိတ္ထိလာ မွတ်စလင်မ်င်္သချိုင်းပာာ မိတ္ထိလာ-မန္တလေး ကားလမ်းပေါ်ရှိ အောင်ဇေယျာ ရပ်ကွက် မှာတည်ရှိပါတယ်။ ယခုအခါ မြုပ်နှံ့ခွင့်မရတဲ့ အတွက် မြို့အင်္ဂါရပ်နဲ့ ညီအောင် ဥယျာဉ်တည်ဆောက်ခွင့် အတွက် အစ္စလာမ်ဘာသာဝင်တွေရဲ့တောင်းခံချက်ကို ပယ်ချခဲ့ပြီး ခရီုနီလက်ထဲရောင်းစားခဲ့တာဖြစ်ပါတယ်။
“မြေလိုချင်လို့လုပ်တာရှင်းပါတယ်။ပြသနာတွေဖန်တီးပြီးရင် အာဏာပိုင်တွေက ခရိုနီတွေနဲ့ပေါင်းပြီး အရောင်းအ၀ယ်တွေ လုပ်ကြတယ်။ ဈေးတွေ တုန်းကလည်း မီးရှို့ပြီးရင် ရောင်းစားတာပါပဲ” လို့ လည်းအာဏာပိုင်တွေနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်က သုံးသပ်ပါတယ်။
အစည်းအဝေးတက်ရောက်တဲ့ မိတ္ထိလာမြို့နယ် အိုလမာသာသနာ့ ပညာရှင်များအဖွဲ့ ဥက္ကဌ ဦးဇော်နိင်(ခ)မောင်လာနာ ယူုစွဖ် ကတော့ င်္ဒီ ကိစ္စနဲ့ ပတ်သက်လို့ ဒေသခံ မွတ်စလင်မ်ခေါင်းဆောင်တွေ အနေနဲ့ဆုံးဖြစ်ခွင့်မရှိကြောင်းနဲ့ မိတ္ထိလာမွတ်စလင်မ်င်္သချိုင်းအတွက်လုပ် ပိုင်ခွင့် အလုံးစုံကို အစ္စလမ့်ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့ထံလွဲပြောင်းပေးထားပြီးဖြစ်ကြောင်း အစည်းအဝေးမှာ တြုံ့ပန်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top