Blogger Widgets

Wednesday, 15 May 2013

ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့် အစိုးရ၏ အစီအမံအပေါ် လိုက်နာမှု မရှိက ဥပဒေနှင့်သွားမည်

ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့်အစိုးရ၏ အစီအမံအပေါ် လိုက်နာမှုမရှိခြင်း နှင့် တားဆီးခြင်း တို့ကို ဥပဒေအရ အရေးယူမှုတို့ ရှိလာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတိပေးပြောဆို သည်။
၎င်းက မဟာစင်ဆိုက်ကလုန်းမုန်တိုင်းနှင့်ပတ်သတ်၍ ကြိုတင်ပြင်ဆင်ထားမှုဆိုင်ရာ စာနယ်ဇင်း ရှင်းလင်းပွဲ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို အခုလွှတ်တော်ကို ပို့လိုက်ပြီ။အဲ့ဒီထဲမှာ စီမံထားရှိ ထားသော အဆောက်အဦးတွေ နေရာတွေဆီကို လူသားတွေ အန္တရာယ်မကျရောက်စေဖို့ အစိုးရ က ရွှေ့ပြောင်းမှုစီမံတဲ့အခါ မလိုက်နာရင် ချမှတ်ရမယ့် ပြစ်ဒဏ်တွေပါထားပြီးသား ဒါလည်း လူသားချင်း စာနာတဲ့အတွက် ကြောင့်ပဲဟု " ၀န်ကြီးက ပြောသည်။
မဟာစင်မုန်တိုင်းဝင်ရောက်တိုက်ခိုက်ရန် ရက်အနည်းငယ်သာ လိုတော့သည့် အချိန်တွင် အန္တရာယ် ရှိနေသည့် စစ်တွေနှင့် မောင်းတောကမ်းခြေနေရာတို့မှ အချို့သောဘင်္ဂလီတို့မှာ အစိုးရ ၏ ပြောင်းရွေ့ပေးမှုအပေါ်မှာ ငြင်းဆန်မှုအချို့ရှိနေကြောင်း သိရသည်။

ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က "အခုရင်ဆိုင်နေရတာက အန္တရာယ်မရှိဘူးထင်ပြီး ပြောင်းရွှေ့ပေး တဲ့နေရာတွေကို မလာချင်ဘူး တစ်ချို့က လည်း နေရာမရဘူးထင်ပြီး မရွှေ့ချင်ဘူး ။ ဒါတွေများနေတယ် "ဟု ပြောသည်

No comments :

Post a Comment

Blogger Widgets
Back to Top