လက်ရှိတွင် လူဦးရေ ခြောက်သန်းကျော်ရှိနေတဲ့ ရန်ကုန်မြိုကို
မကြာမီနှစ်အနည်းငယ်အတွင်း လူဦးရေ ဆယ်သန်းကျော်ထိရှိလာနိုင်မည့်
မဟာရန်ကုန်စီမံကိန်းအဖြစ် အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။
ဒီလိုမဟာရန်ကုန်စီမံကိန်းအဖြစ်အကောင်အထည်ဖော်တဲ့နေရာမှာ
ရှိရင်းစွဲမြို့နေရာများကို တိုးချဲ့ခြင်းအပြင် လက်ရှိရန်ကုန်မြို့ရဲ့
အရံမြို့နယ်များကိုပါ မြို့ကွက်သစ်များပြုလုပ်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။
လက်ရှိမှာ အစိုးရဟာ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို
ဖိတ်ခေါ်လျှက်ရှိပြီး နိုင်ငံတကာအကူအညီများလည်း တောင်းခံလျှက်ရှိတာကြောင့်
မဟာရန်ကုန်စီမံကိန်းကို သိပ်မကြာခင်အကောင်အထည်ဖော်တော့မယ့်
အနေအထားမှာရှိပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံထဲကို အရှိန်အဟုန်နဲ့
ဝင်တော့မယ်ဆိုတဲ့အချိန်မှာပဲ မြန်မာနိုင်ငံက မြေဈေးတွေ၊ အိမ်ယာဈေးတွေဟာ
ရှိရင်းစွဲအခြေအနေထက် အဆပေါင်းများစွာ ထိုးတက်ခဲ့ပါတယ်။
ရန်ကုန်မြို့တွင်းအိမ်ဈေးကွက်သာမကဘဲ မြို့ပြင်အလားအလာကောင်းသောနေရာများ၊
နယ်စီမံကိန်းမြို့များမှာပါ ရင်းနှီးမြှုပ်နှံကြတာကြောင့် မြေဈေးများ
အလွန်အမင်းတက်သွားခဲ့ပါတယ်။ မြေဈေးများ
အဆပေါင်းများစွာထိုးတက်သွားတာကြောင့် ရင်းနှီးမြှုပ်နှံသူများ
မြန်မာနိုင်ငံမှာ မြှုပ်နှံဖို့ လက်တွန့်သွားခဲ့ရပြီး သွက်သွက်လက်လက်ရှိနေ
တဲ့မြေဈေးကွက်အရောင်းအ၀ယ်လည်း အေးစက်သွားရကာ မြေဈေးကွက်မှာ
မြှုပ်နှံထားသူ အချို့လည်း စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။
နောက်တစ်ချက်အနေနဲ့ နဂိုစီမံထားတဲ့ အစိုးရစီမံကိန်းများ
အလုပ်မဖြစ်ခဲ့တာကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်း
စီမံကိန်းမြေနေရာပတ်ဝန်းကျင်များ၊
သီလ၀ါအထူးစီးပွားရေးဇုန်ပတ်ဝန်းကျင်မြေနေရာများမှာ
တန်ဖိုးကြီးကြီးမြှုပ်နှံထားသူတွေ အထိနာခဲ့ရပါတယ်။
အခုချိန်မှာတော့ မြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံထားသူတွေနဲ့
ထပ်မံမြှုပ်နှံဖို့စီစဉ်နေသူများအတွက် အခွင့်ကောင်းပြန်ပေါ်လာပြီဖြစ်ပါတယ်။
မဟာရန်ကုန်စီမံကိန်းကို အကောင်အထည်ဖော်တော့မှာဖြစ်တဲ့အတွက် ယခုအချိန်ဟာ
မြေဈေးကွက်ပြန်လည် ဦးမော့လာတော့မည့် အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ
အကောင်းဆုံး ရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်ချက်ဟာ ရန်ကုန်မြို့နဲ့
အနီးတ၀ိုက်မြို့စွန်များက ဈေးသက်သာတဲ့ မြေကွက်များပဲဖြစ်ပါတယ်။
ဒီမြေကွက်များဟာ ဈေးနှုန်းအနေအထားဖြင့်လည်း ရန်ကုန်မြို့လယ်နေရာများလောက်
မမြင့်မားပါဘူး။ အခုလက်ရှိထိလည်း အနီးအနားစီမံကိန်းများရှိမနေတဲ့အတွက်လည်း
ဈေးကစားမယ့်သူများများစားစား မရှိသေးပါဘူး။
အခုချိန်မှာ ရန်ကုန်မြို့ဝန်းကျင်က မြေကွက်များဟာ ဈေးသက်သက်သာသာနဲ့
ဝယ်ယူရရှိနိုင်တဲ့အခြေအနေမှာရှိပါတယ်။ သိပ်မကြာခင်မှာတော့
ဒီမြေဈေးကွက်တွေဟာလည်း ဈေးကစားမယ့်သူတွေကြောင့်
အတက်ဘက်ကိုပဲရောက်လာဖို့ရှိပါတယ်။ မဟာရန်ကုန်စီမံကိန်းသတင်းစကားအပြင်
တောရွာများမှ ပြောင်းရွှေ့ အခြေချနေထိုင်လာသူ များပြားလာတဲ့အတွက်ကြောင့်လည်း
ဈေးကွက်ဝယ်လိုအား များလာနိုင်ပါတယ်။ ဒါ့အပြင်
တိုးတက်လာတဲ့လူဦးရေနှုန်းထားအရ မြေဈေးကွက်ဟာ အရှုံးမရှိနိုင်တဲ့
အနေအထားဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ငွေကြေးအသင့်အတင့်
ကိုင်ထားနိုင်ပြီး သေချာရေရာတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုကို
ပြုလုပ်ချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့အနီးတ၀ိုက်ဝန်းကျင်က ဈေးသက်သာတဲ့
မြေကွက်များကို ရွေးချယ်ဝယ်ယူသင့်ကြောင်းကို mmbizchannel က
အကြံပေးရေးသားရပါတယ်။

No comments :
Post a Comment