မိမိတို့ ဇနီးမောင်နှံ အနေဖြင့် သားသမီးယူရန် အရေးတကြီး အစီအစဉ်
မရှိသေးကြောင်း ဂျက်စတင် တင်းဘားလိတ်ခ်က ပြောကြားလိုက်သည်။ ဟောလီးဝုဒ်
နာမည်ကျော် မင်းသမီး ဂျက်ဆီကာဘေးလ်နှင့် လက်ထပ်ထားသည့် အဆိုတော် မင်းသားက
မိမိတို့ အနေဖြင့် ကလေးများအား အကျွမ်းတဝင် ချစ်ခင်သည့်တိုင် ကလေးယူရန်
ကိစ္စမှာမူ သီးခြား နယ်ပယ်တစ်ခုဟု ဆိုသည်။ Mirrorsစတား အဆိုတော်သည်
(၂၀၁၂)ခုနှစ်၊ အောက်တိုဘာလက ကာလရှည်ကြာ တွဲခဲ့သော ချစ်သူ ဂျက်ဆီကာအား
လက်ထပ်ခဲ့သည်။ ၎င်းက မိမိအနေဖြင့် မိသားစုဘဝ တစ်ခု တည်ထောင်ရေးကို အစီအစဉ်
အလေးအနက်ကြီး တွေးတောမနေဘဲ ကံကြမ္မာက သတ်မှတ်ပေးသည့်အတိုင်း လက်ခံလိုကြောင်း
ဖွင့်ဟခဲ့သည်။
အသက်(၃၂)နှစ်ရှိ ဂျက်စတင်က "ကျွန်တော် ကလေးယူမယ့် အစီအစဉ်ကို
ဆန့်ကျင်မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ ကိစ္စတွေ အမျိုးမျိုး
ရှိနေသေးတယ်။ ဒါကြောင့် ကလေးယူမယ့် ကိစ္စကို ကံကြမ္မာနဲ့ပဲ
လွှဲထားလိုက်ရအောင်"ဟု ပြောဆိုသွားသည်။ ဗြိတိန်ထုတ် OK! မဂ္ဂဇင်းနှင့်
အင်တာဗျူးတွင် ၎င်းက "ဘဝဆိုတာ တစ်ညတည်းလောက်နဲ့ ပြောင်းလဲလို့ မရပါဘူး။
အိမ်ထောင်ပြုတာ၊ မိသားစုတစ်ခု တည်ထောင်တာ အားလုံးကို စဉ်းစဉ်းစားစား
ဖြတ်သန်းရတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ ကိုယ်နဲ့ နီးစပ်ပြီး နားလည်မှု
ထားနိုင်တဲ့ ဇနီးတစ်ယောက် ရှိနေတာ သိပ်ကံကောင်းပါတယ်"ဟုလည်း
ပြောကြားသွားခဲ့သည်

No comments :
Post a Comment