မြန်မာနိုင်ငံ၏
ဆောက်လုပ်ရေး ကဏ္ဍမျိုးစုံနှင့် ရေလွှမ်းမိုးခံဒေသ ပြည်လည် ထူထောင်ရေးနှင့်
သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးတို့တွင် စွမ်းအားမြင့် စက်ပစ္စည်းများ
သုံးစွဲနိုင်စေရေးအတွက် ဂျပန်အစိုးရက ယန်းငွေသန်း ၈၀ ဖိုး တန်ကြေးရှိသော
အကြီးစား စက်ပစ္စည်း အစီး ၇၉ မျိုးကို ၁၅-၅-၂၀၁၃ ရက်က လှူဒါန်းခဲ့ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ အဆိုပါ စက်ပစ္စည်းများကို
ဂျပန်အစိုးရက လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းကို
ရန်ကုန်မြိုကတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စက်ပစ္စည်း ၅၃ မျိုးအထိ
လက်ခံရရှိထားပြီဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရ၏ လှူဒါန်းငွေ ယန်း သန်း
၈၀၀ ကို မြန်မာအစိုးရကိုယ်စား JICS (Japan International Cooperation
System)က တာဝန်ယူပြီး စက်ပစ္စည်းများ ၀ယ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေရဲ့ လမ်းကွန်ရက်တွေမှာ ပြန်လည်
တည်ဆောက်ရေးလုပ်ငန်း မျိုးစုံအတွက် ဒီစက်ပစ္စည်းတွေကို သုံးစွဲသွားမှာပါ” ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။ စက်ပစ္စည်း
၇၀ တွင် ၁၇ မျိုး ရောက်ရှိရန် ကျန်နေသေးပြီး အဆိုပါ စက်ပစ္စည်းများကို
မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးသုံးခုနှင့်၊ ကရင်ပြည်နယ်၊
ရခိုင်ပြည်နယ်များတွင် အဓိကသုံးစွဲသွားမည်ဖြစ်ကြောင်း သိရကာ Test Equipment
ပစ္စည်းကိုးမျိုးကိုလည်း ၀ယ်ယူထားနိုင်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၃
ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်

No comments :
Post a Comment