Blogger Widgets

Wednesday, 22 May 2013

ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ပေးရာတွင် မေ ၁၃ ရက်က တစ်ဒေါ်လာလျှင် ၉၀၄ ကျပ် သတ်မှတ်ခဲ့ရာမှ မေ ၁၄ ရက်က တစ်ဒေါ်လာ ကျပ် ၉၁၀ အထိ ဈေးဆွဲတင် သတ်မှတ်ခဲ့သည်

ယင်းနောက် မေ ၁၅ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာလျင် ၉၁၉ ကျပ်အထိ ထပ်မံတိုးတက်ခဲ့ပြီး မေ ၁၆ ရက်တွင် ဆက်လက်၍ တစ်ဒေါ်လာလျှင် ၉၂၉ ကျပ်အထိ ဆက်တိုက်တိုး၍ သတ်မှတ်လိုက်ရာ ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုးမှာ အဆမတန် မြင့်တက်သွားသည်။

မေ ၁၆ ရက်က ပြင်ပတွင် တစ်ဒေါ်လာ ၉၃၇ ကျပ်အထိ မြင့်တက်သွားခဲ့သည်။ မေ ၁၇ ရက်တွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၉၂၉ ကျပ် (မေ ၁၆ ရက်ဈေး အတိုင်းသာ) သာ သတ်မှတ်ပြီး ဆက်တိုက်တိုး၍ သတ်မှတ်မှုအား ရပ်တန့်လိုက်သည့်အတွက် ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၉၃၄ ကျပ် အထိ ပြန်လည် ကျဆင်းသွားခဲ့သည်။

သို့သော် ယခု မေ ၂၀ ရက်တွင်မူ ဗဟိုသတ်မှ တစ်ဒေါ်လာ ၉၃၂ ကျပ် အထိ ထပ်မံမြှင့်တင် သတ်မှတ်လိုက်သည့်အတွက် ပြင်ပဈေးကွက်တွင်ပို၍ မြင့်တက်သွားသည်။ ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းအား ဈေးမြှင့်တင်လိုက်သည့် ပမာဏမှာ တစ်ပတ်အတွင်း တစ်ဒေါ်လာလျင် ၂၈ ကျပ် အထိ ခုန်တက်လိုက်ခြင်း ဖြစ်သည်။

နေ့စဉ် ဗဟိုဘဏ်မှ လေလံတင်၍ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း သတ်မှတ်ပြီး အခြားဘဏ်များသို့ ရောင်းချပေးရာတွင် မေ ၂၀ ရက်က အမေရိကန်ဒေါ်လာ ခုနစ်သန်းအား ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။ ပုဂ္ဂလိကဘဏ်အချို့မှ ဗဟိုဘဏ်သို့ မေ ၂၀ ရက်က အမေရိကန်ဒေါ်လာ နှစ်သန်းအား ပြန်ရောင်းခဲ့သည့်အတွက် ဗဟိုဘဏ်မှ အသားတင် ထုတ်ရောင်းသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ငါးသန်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ရွှေဈေးပြုတ်ကျပြီး နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မာနေခြင်း၊ ပြည်တွင်းရှိ ဒေါ်လာဝယ်လိုအား မြင့်တက်ခြင်း၊ ပုဂ္ဂလိက ဘဏ်အချို့မှ ဗဟိုဘဏ်၏ လေလံတွင် ဈေးဆက်တိုက် မြှင့်ပေးနေခြင်းများကြောင့် ဒေါ်လာဈေး တက်လာခြင်းဟု သုံးသပ်ကြသည်။.
ဗဟိုသုံးသပ်ကြသည်။

No comments :

Post a Comment

Blogger Widgets
Back to Top