၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊
ကလေးဝမြို့နယ်၊ ပလူဇ၀ကျေးရွာ ချောင်းစပ်အနီးတွင်
မည်သည့်အရပ်မှဝင်ရောက်လာမှန်းမသိသော ဆင်တစ်ကောင်ရောက်ရှိလာရာ
ရွာအတွင်းသို့ဝင်ရောက်မှုမရှိစေရေး ရွာသူ/သားများမှ ၀ါးများအား မီးရှို့ပြီး
အော်ဟစ်ခြောက်လှန်မှု့များပြုလုပ်ခဲ့သဖြင့် ၎င်းဆင်မှာ
ကလေးဝ-မော်လိုက်ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက်
အဆိုပါဆင်မှာ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန် ကလေးဝ- မော်လိုက်ကားလမ်းဘေး၊
ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာအနီးရှိ ဦးအဲညီထွေး(၄၀)နှစ်၏နေအိမ်
အတွင်းသို့ဝင်ရောက်၍ ဦးအဲညီထွေးအား အစွယ်ဖြင့်ထိုးသတ်ခဲ့ကာ ကားလမ်းအတိုင်း
မော်လိုက်ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီး နံနက် ၇ နာရီအချိန်
မန်ဖာလေးကျေးရွာအနီး၊ ကားလမ်းဘေးရှိ ဦးဘသောင်း(၈၂)နှစ်၏လယ်တဲအားဖျက်ဆီး၍
ဦးဘသောင်းအား အစွယ်ဖြင့်ထိုးသတ်သွားခဲ့ကြောင်း သတင်းအရ
ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊
မြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးဌာန/မြို့နယ်သစ်တော
ဦးစီးဌာနမှဝန်ထမ်းများနှင့် ကလေးဝပြည်သူ့ဆေးရုံမှတာဝန်ရှိသူများပါဝင်သော
ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါဆင်အား
တောနက်ထဲသို့မောင်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments :
Post a Comment