Blogger Widgets

Friday 10 May 2013

ဦးပိုင် က လျှော်ကြေး ငွေ မလိမ့်တစ်ပတ် ပေး ဟု လက်ပံတန်းတောင် ရွာသားများ ပြော

စိုက် ပျိုး ပြီး အသက် မွေး ၀မ်း ကျောင်း
ပြု ရ မှာ က လွဲ ပြီး အခြား အလုပ် မရှိ တဲ့ အတွက် အသက် အသေခံ ပြီး ဆက် လုပ် ရ မှာ ပဲ

လို့  ဆည်းတည်း ရွာ သူ မရီရီ ၀င်း က မနေ့  က ရန်ကုန် မြို့  မှာ ပြု လုပ် တဲ့ သတင်းစာ ရှင်း

လင်း ပွဲ မှာ သတင်း ထောက် တွေ ကို ပြော ကြား ပါတယ်။
လက်ပံတန်းတောင် ရွာ သား တွေ က ပြု လုပ် တဲ့ သတင်း စာ ရှင်း လင်း ပွဲ မှာ တုံရွာ၊ ဆည်တည်းရွာ
ဝှက်မှေး ရွာ ၊ လယ်တီရွာ ၊ ဇီးတော ရွာ စတဲ့ ရွာ တွေ က လယ်သိမ်းခံ ပြည်သူ တွေ လည်း သတင်း

စာရှင်းလင်း ပွဲ ကို တက် ရောက် ခဲ့ ကြ ပါတယ်။ 
ဒေါ်အောင်ဆန်း စု ကြည် ဦးဆောင် တဲ့ ကော်မရှင် ရဲ့  အစီရင်ခံစာ ထွက် ရှိ လာ ပြီး နောက်
ဦးပိုင် က လျှော် ကြေး ပေး ရာ မှာ လယ်ယာမြေ တန်ဖိုး ကို ပေး လျှော် တာမဟုတ် ဘဲ

သုံးနှစ် စာ သီးနှံ ကြေး ကို သာ ပေး သာ ဖြစ် ပြီး လျှော် ကြေး ငွေ ကို လက်တစ်လုံး ခြား လုပ်

ခဲ့ တယ် လို့  လက်ပံတန်းတောင် ရွာ သား တွေ က ပြော ပါတယ်။
မနေ့ က တုံ ရွာ ကနေ ဦးပိုင်း ကုမ္ပဏီ ရှိ တဲ့ နေရာ အထိ ဆန္ဒပြ ချီ တက် ပွဲ မှာ လက်ပံတန်းတောင်
ဒေသ က ရွာ ပေါင်း ၁၀ ရွာ ကျော် ပါ ၀င် ခဲ့ ပြီး ဆန္ဒပြတောင်းဆိုရာမှာ စီမံကိန်းလုံးဝဖျက်သိမ်းပေးဖို့၊

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချက်ကို ရုတ်သိမ်းပေးဖို့၊ မီးလောင်ဗုံးတရားခံတွေကို အမြန်ဆုံးဖော်ထုတ်အရေး

ယူပေးဖို့၊ တောင်သူလယ်သမားတွေကို ထွန်ယက် စိုက်ပျိုးခွင့် ပြန်လည်ပေးအပ်ဖို့၊ လက်ပံတောင်းတောင်

ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက်တိုက်ပွဲဝင်နေတဲ့ ဒေသခံတွေကိုကူညီပေးနေသူတွေထဲကအဖမ်း

ခံထားရတဲ့သူ၃ဦးကို ပြန်လွှတ်ပေးဖို့စတဲ့ တောင်းဆို ချက် တွေ ကို ကြွေး ကျော် ခဲ့ ကြ ပါတယ်။
03top-commodities11

No comments :

Post a Comment

Blogger Widgets
Back to Top