Blogger Widgets

Sunday, 5 May 2013

ဆေးရုံသစ်ကြီးဆောက်မည်ဆိုပါက မင်းရဲကျော်စွာကားဝင်းကို ကြည်ဖြူစွာ ဖယ်ပေးမည်

မင်းရဲကျော်စွာကားရောင်းဝယ်ရေးစခန်း(ယာယီ) နေရာတွင်ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး တည်ဆောက်
မည်ဆိုပါက ကြည်ဖြူစွာ ဖယ်ရှားပေးမည်ဖြစ်ကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်နေသူများ၏ ပြောကြား
ချက်အရသိရသည်။

“နိုင်ငံအတွက် အကျိုးရှိအောင် လုပ်တာဖြစ်တဲ့အတွက် ကြိုဆိုရမှာပါ။နဂိုကတည်းက ဝန်းမာရေးဝန်ကြီးဌာ
နက ပိုင်တဲ့ဝင်းလည်း ဖြစ်တယ် ပြီးတော့ဆေးရုံကြီးဆောက်မှာ ဖြစ်တဲ့အတွက် ကန့်ကွက်စရာလည်း မရှိပါ
ဘူး” ဟုကားရောင်းဝယ်ရေးပြုလုပ်နေသူ ကိုသီဟကျော်က ပြော ကြားသည်။

ဖေဖော်ဝါရီလအတွင်းက ဟံသာဝတီကားပွဲစားတန်း ပြောင်းရွှေ့ခိုင်းမှုကြောင့်ကားအရောင်းအဝယ်ပြုလုပ်
နေသူများ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး နောက်အစိုးရမှ မတ်လမှစတင်ပြီး မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာဈေး
ဟောင်းတို့တွင်ကားရောင်းဝယ်ရေးစခန်းများ အဖြစ် ယာယီ အသုံးပြု ခွင့်ပေးထားခဲ့ ရာမှ ယခုအခါ မင်းရဲ
ကျော်စွာ ကားဝင်းနေရာ တွင် ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး ကို တိုးချဲ့တည်ဆောက်ရန် ကျန်းမာရေးဝန် ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဟံသာဝတီကားဝင်း ပြောင်းခိုင်းတုန်းက ဆန္ဒပြတယ်ဆိုတာက ခရိုနီတွေကကျွန်တော်တို့ကားဝင်းနေရာ
ကို သူတို့အကျိုးစီးပွားအတွက် မတရား ဖယ်ခိုင်းလို့ဆန္ဒပြကြတာပါ။ အခုက နိုင်ငံနဲ့လူမျိုးကောင်းဖို့ဆေးရုံ
သစ်ဆောက်မှာဖြစ်တဲ့အတွက် ကန့်ကွက် စရာလည်း မရှိသလို ဆန္ဒပြ ဖို့လည်း မရှိပါဘူး” ဟု မင်းရဲကျော်
စွာကားရောင်းဝယ်ရေး စခန်း (ယာယီ)မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းမှ ဦးခင်မောင်လှက ပြော ကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးကို ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါမြေနေရာတွင် မည်သည့်အချိန်တွင် စတင် တည်ဆောက် မည်ကို မသိ ရှိ ရသေးကြောင်း၊မင်းရဲကျော်စွာ ကားဝင်း အတွင်းမှ ကားများ မည်
သည့်နေ့တွင်ပြောင်းရွှေ့ ရမည်ကို လည်း မသိရှိ ရသေးကြောင်း ကားရောင်း ဝယ်ရေးလုပ်ကိုင်သူများ၏
ပြောကြားချက်အရ သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top