တောင်ငူ မေ ၂၅
ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ သစ်ထုတ်လုပ်ရေး ဒေသများနှင့် ဆက်စပ် တည်ရှိနေသော တောင်ငူမြို့နယ် အတွင်း၌ပုဂ္ဂလိကပိုင် ဆင်ကောင်ရေ ၅ဝ
ကျော်ခန့်ရှိရာ ပုဂ္ဂလိက သစ်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် အလှူပွဲများ
အတွက် ငှားရမ်း သုံးစွဲမှုများ ရှိကြောင်း သိရသည်။
အဆိုပါ သစ်ထုတ်လုပ်ရေး
လုပ်ငန်းများအတွက် ဆင်များ ငှားရမ်း ရာတွင် စတင် ငှားရမ်းစဉ် ကပင်
တစ်နှစ်စာ အတွက် ငွေကျပ်၁၆ သိန်းနှင့် အထက် တစ်ပါတည်း ပေးချေရပြီး
ဆင်ဦးစီးနှင့် ပဲ့ချိတ်အတွက် စရိတ်ငြိမ်း ငွေကျပ် ၁ဝ သိန်း သီးခြား
ထပ်မံပေးချေ ရသဖြင့် ဆင်တစ်ကောင် ငှားရမ်းရာတွင် စုစုပေါင်း ငွေကျပ် ၂၆
သိန်းနှင့် အထက် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ အလှူပွဲ၊ ရှင်ပြုပွဲများ အတွက်
ဆင်ငှားရမ်း ရာတွင် ရှင်လောင်း လှည့်လည်ပွဲ တစ်ပွဲအတွက် ငွေကျပ် သုံးသိန်း
သတ်မှတ်ပြီး အလှူရှင်က ဆင်စာဖိုး ကျခံရသည်။
အဆိုပါ ဆင်များကို သစ်ထုတ်လုပ်ရေး
လုပ်ငန်းခွင် များတွင် တန်စားနှုန်းဖြင့်လည်း ဆင်များ ငှားရမ်းလျက် ရှိရာ
တိုင်ငုတ်မှ သစ်ဆိပ် အထိ တစ်တန်လျှင် ငွေကျပ် ၁၂၅ဝဝ ဖြင့်လည်း ပေးချေ
ငှားရမ်းနိုင်ကြောင်း သိရသည်။

No comments :
Post a Comment