Blogger Widgets

Monday, 27 May 2013

ရပ်ကွက်အတွင်း မီးသတ်ကားဝင်မရ၍ စိုးရိမ်နေရသောပြည်သူများ

ခူးတိုင်းဒေသကြီး၊ ဖြူးမြို့ နယ်ညောင်ပင်သာစက်ကုန်းပိုင်း (၁)နှင့် (၅)လမ်းထောင့်ရှိ အောင် ပင်သာဆီစက် တိုးချဲ့ဆောက် လုပ်လာခြင်းကြောင့် ရပ်ကွက် အတွင်း မီးသတ်ကားများ ၀င် ထွက်ရန် အခက်များရှိနေခြင်း အပေါ် ရပ်ကွက်နေပြည်သူများ က စိုးရိမ်ပူပန်နေရကြောင်း သိရှိရသည်။
၂၀၁၂ မှ ၂၀၁၃ ခုနှစ်အထိ တိုးချဲ့လာသော အောင်ပင်သာ ဆီစက်သည် ရပ်ကွက်ဝင်လမ်းမ တစ်ဝက်နီးပါးခန့်ရှိနေသည်ဟု ရပ်ကွက်နေပြည်သူများက ဆိုပါ သည်။ အဆိုပါတိုးချဲ့ဆောက်လုပ် ခြင်းကြောင့်လည်း မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ကားဝင်မရ နိုင်သော အခြေအနေတွင်ရှိ ကြောင်းဆိုပါသည်။ ယင်းကိစ္စ အပေါ် ““ကျွန်တော်တို့ရပ်ကွက် လူကြီးကိုပြောခိုင်းတယ်ဗျ၊ သူ သွားပြောတော့ စက်မှာရှိတဲ့ မန်နေဂျာက ဆီစက်ပိုင်ရှင်ကို ပြောပေးပါမယ်ဆိုပြီး ဆီစက်ပိုင် ရှင်က အခုထက်ထိ လာမဖျက် ပေးသေးဘူးဗျ။ မီးသတ်ကား အ၀င်အထွက်လေးရရင်တော်ပါ ပြီဗျာ””ဟု ရပ်မိ/ရပ်ဖဦးသောင်း က ဆိုပါသည်။ ““အခုလို တိုးချဲ့ လာတာဟာ ကျွန်တော်သိသ လောက်တော့ဗျာ ၁၉၆၈ ခုနှစ် ကစပြီး စက်ဟောင်းကချဲ့လာတာ ဗျ””ဟုလည်း ဆိုပါသည်။
ရပ်ကွက်နေပြည်သူတစ်ဥိး ဖြစ်တဲ့ ကိုကြည်စိုးကလည်း ““အကယ်၍များ ရပ်ကွက်ထဲမှာ မီးလောင်ပြီဆိုရင် မီးသတ်ကား ကို လေယာဉ်လိုလုပ်ပြီး ကျော် လာမှရမှာဗျ။ နွေရာသီမှာ ဒါကို ပဲစိုးရိမ်ပူပန်နေရတယ်ဗျာ။ ရပ် ကွက်မီးမလောင်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတာ ဒီလိုမဖျက် ပေးရင်ကတော့ ကျွန်တော်တို့ ရပ်ကွက်ပြည်သူလူထုတွေ လက် မှတ်ထိုးပြီး သက်ဆိုင်ရာလူကြီး တွေကို ဖယ်ရှားပေးဖို့လုပ်ရလိမ့် မယ်ဟုဆိုပါသည်။””
အဆိုပါ အောင်ပင်သာဆီ စက်ရဲ့ ပိုင်ရှင်အား တွေ့ဆုံမေး မြန်းခြင်း၊ ဖုန်းဆက်ခြင်းများပြု လုပ်ဖို့စီစဉ်ရာတွင် ပိုင်ရှင်ဖြစ်သူ သည် ဖြူးမြို့မှမဟုတ် ကညွတ် ကွင်းမြို့တွင် နေထိုင်ကြောင်း သိရှိခဲ့ပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top