Blogger Widgets

Wednesday 8 May 2013

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံခြင်း

“ကုသရတာစိတ်အချမ်းသာဆုံး လူနာကတော့ အန်တီပဲ။ နောက်ထပ်ဆယ်နှစ်လောက်ထိတော့ တာဝန်ယူလို့ရတယ်”

ရေးသားသူ- အောင်သူရ

 ဒေါက်တာတင်မျိုးဝင်းသည် ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ၁၉၇၅တွင် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သည့်အတွက် ၁၉၈၉ မှ၁၉၉၂ နှစ်အထိ ထိန်းသိမ်းခံခဲ့ရသည်။ ထောင်မှလွတ်မြောက်လာပြီးနောက် အခမဲ့ဆေးကုသပေးခြင်းနှင့် ပုဂ္ဂလိကဆေးရုံသုံးခုတွင် အချိန်ပိုင်း ဆေးကုသခဲ့သည်။ဒေါ်အောင်ဆန်းစ
ုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် တစ်လျှောက်လုံးနှင့် ယနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ၏ ကျန်းမာရေးကွန်ရက်ဥက္ကဋ္ဌ၊ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအဖွဲ့၏ ရန်ပုံငွေရှာဖွေရေးတာဝန်ခံလ
ည်းဖြစ်သည်။

ဒီနှစ်မှာ အစိုးရက ကျန်းမာရေးဘတ်ဂျက်ကို ၃ ရာခိုင်နှုန်းလောက် တိုးပေးလိုက်တယ်။ အဲ့ဒီလောက် တိုးပေးလိုက်တဲ့ ပမာဏဟာ လက်ရှိကျန်းမာရေးစောင့်ရှော
က်မှုအပေါ် ဘယ်လောက် သက်ရောက်မှု ရှိနိုင်မလဲ။
တိုးပေးလိုက်တယ်ဆိုတော့ ဆရာတို့ ၀မ်းသာတာပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုနဲ
့ ပတ်သက်ပြီးတိုးလေ ပြည်သူလူထုအကျိုး ရှိလေပဲ။ ဒါပေမဲ့ မလုံလောက်ပါဘူး။ ဆရာတင်မဟုတ်ပါဘူး။ ၀န်ကြီးဌာနကလူတွေအကုန် သဘောပေါက်ပါတယ်လေ။ အပြင်က လူတွေက တစ်နိုင်တစ်ပိုင်ဝိုင်းပြီး ကူညီပေးရမယ့် သဘောပဲ။ ပညာရေးနဲ့ ကျန်းမာရေးမှာ ပညာရေးက ချက်ချင်း Effect (သက်ရောက်မှု) မလာဘူး။ ကျောင်းထားမယ်၊ ပညာတတ်လာမယ်၊ နောက်ပိုင်းမှ သက်ရောက်မှုရှိလာမယ်။ ကျန်းမာရေးကျတော့ ဝေဒနာခံစားနေရတာ၊ ဝေဒနာခံစားနေရတော့ ချက်ခြင်းကုချင်တယ်။ နောက်တစ်ခုက အသက်အန္တရာယ်ရှိတယ်။ ရေရှည်နိုင်ငံတော်တိုးတက်ရေးအတွက်ကျတော့ ပညာရေးက အရမ်းအရေးကြီးတယ်။ ပညာရေး၊ ကျန်းမာရေးဆိုတာ ဘယ်ခြေ ညာခြေလိုပဲ။ နှစ်ခုစလုံးသွားရမယ်။ ရေတိုရေရှည်သွားရမယ်။ ဘတ်ဂျက်တိုးလိုက်တယ်ဆိုတော့ ၀မ်းသာတယ်။ ဒါပေမဲ့ ကျန်တဲ့ဟာတွေနဲ့ ယှဉ်ရင် နည်းသေးတယ်။ ဟိုတယ်ခရီးသွားလုပ်ငန်းထက်တောင် နည်းသေးတယ်။ ဒါပေမဲ့ ဆရာတို့ကလည်း တစ်ခုတည်းနဲ့လည်း ဖြည့်ဆည်းလို့မရတော့ ၀ိုင်းပံ့ပိုးရမယ့်ကိစ္စပဲ။ ပြည်တွင်းကရော၊ ပြည်ပကရော။ ဒါမလုံလောက်သေးပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် ၀ိုင်းပြီးဖြေရှင်းရမယ်။

ဆရာသာ လုပ်ပိုင်ခွင့်ရှိတဲ့လူတစ် ယောက်ဆိုရင် အခု တိုးပေးတဲ့ ဘတ်ဂျက်ကို ဘယ်လိုသုံးစွဲမလဲ။

ဆရာ့အနေနဲ့ကတော့ လက်ရှိကျန်းမာရေးဝန်ကြီးကစြ
ပီး ကျန်းမာရေးဌာနက လူတွေရဲ့သဘောကို ဆရာသဘောပေါက်တယ်။ လက်ရှိ ဘတ်ဂျက်နဲ့လုပ်ရမယ့် အဓိကအရာသုံးခုရှိတယ်။ ကျန်းမာရေး အဆင့်အတန်းမြင့်မားရေး၊ ကာကွယ်ရေး၊ ကုသရေး။ ကုသရေးဆီမှာ ပြန်လည်သန်စွမ်းရေးလည်းပါတယ်။ အဲဒီ သုံးခုကို မျှသုံးရမှာပဲ။ ပြည်သူ့ဘက်ကကြည့်ရင် အများအားဖြင့် လိုအပ်တာကတော့ ကုသရေးပဲ။ အခု ခံစားနေရတာ အခုပျောက်ချင်တယ်။ ကာကွယ်တာက နောက်မှပေါ့။ တစ်ချိန်တည်းမှာပဲ ကာကွယ်ရေးနဲ့ ကုသရေးပေါင်းရင်းနဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်လာတာပဲ။ နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင် တိုင်းပြည်တစ်ပြည် တိုးတက်တယ်ဆိုတာ စီးပွားရေးတင်မဟုတ်ဘူး။ လူ့သက်တမ်းပေါ့။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မမီသေးဘူး။ အဲဒါတွေအတွက် ဘာလုပ်ရမလဲဆိုရင် ကာကွယ်ရေးနဲ့ ကုသရေးလုပ်ရမယ်။ ဘာပဲဖြစ်ဖြစ် မျှသုံးရမှာပဲ။ ဆရာသာ လုပ်ပိုင်ခွင့်ရှိရင် လက်ရှိသုံးနေတာမှာ လိုအပ်ချက် ပြန်ကြည့်ရမယ်။ ဥပမာ-ကုသရေးဆိုရင် ရန်ကုန်ဆေးရုံကြီးက စလိုက်ရင် ဆေးရုံမှာ လူနာတွေ လာပြကြတယ်။ အထူးကုတွေ အများကြီးရှိတယ်။ အစိုးရဘက်က ၀န်ဆောင်မှုပေးမယ်။ ကျန်တဲ့ ၀န်ဆောင်မှုဖြစ်တဲ့ ဆေးပိုင်းဆိုင်ရာတို့ကြတော့ လူနာဘက်က ဖြည့်ဆည်းပေးနေရတုန်းပေါ့။ တချို့ရောဂါတွေမှာ ကာကွယ်ခြင်းက အလွန်သက်သာတယ်။ ဥပမာ- ဆရာတို့လုပ်မယ့် ကင်ဆာဆိုပါတော့ ကင်ဆာကို ဆရာတို့က စောစောစီးစီးသိနိုင်မယ်ဆိုရင် ငွေကုန်ကြေးကျအရမ်းသက်သာတယ်။ မြန်မာပြည်မှာ ရင်သားကင်ဆာအဖြစ် အများဆုံးပဲလေ။ ဘာဖြစ်လဲဆိုရင် အကြိတ်လေး ထုတ်လိုက်ရင် ပြီးသွားပေမယ့် ဆရာတို့က မတတ်နိုင်တော့ လူနာတွေက အဲဒီအဆင့်မရောက်ဘဲ ကင်ဆာကြီးဖြစ်တော့မှ ဓာတ်ကင် ရတာတို့၊ အကြီးကြီးခွဲစိတ်ရတာတို့၊ ပြောချင်တာက ကာကွယ်ခြင်းက ဘယ်လောက် အရေးကြီးလဲ ဆိုတာကိုပဲ၊ ဒီသုံးခုပဲ လုပ်ရမှာပဲ။

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက ဘာတွေလဲ။

ဆရာတို့ဆီမှာ ကြည့်မယ်ဆိုရင် ရောဂါဘယမှာ နှစ်ပိုင်းပေါ့။ ကူးစက်တတ်တဲ့ရောဂါ၊ နောက်တစ်ခုက မကူးစက်တတ်တဲ့ ဆီးချို သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်ကင်ဆာ ဒါတွေက မကူးစက်ဘူး။ အဲဒီနှစ်ခုကစိန်ခေါ်မှုပဲ။ အရင်တုန်းကတော့ ကူးစက်တတ်တာ အသားပေးတယ်။ အခုလက်ရှိမှာ စိန်ခေါ်နေတာက အိတ်ခ်ျအိုင်ဗီ၊ တီဘီ၊ ငှက်ဖျား၊ ဒါလည်း စိန်ခေါ်မှုပဲ။ ဒါပေမဲ့ လတ်တလော ဘာကြောင့် သေသလဲကြည့်လိုက်ရင် အရက်ကြောင့် အသည်း၊ အဆီကြောင့် နှလုံး၊ သွေးတိုး၊ အချိုကြောင့် ဆီးချို စသဖြင့်ပေါ့။ ဒါကို ကာကွယ်ခြင်းတို့ ကုသခြင်းတို့ လုပ်ဖို့လိုတယ်။ စိန်ခေါ်မှုက နှစ်ခုပဲ ကူးစက်တတ်တာနဲ့ မကူးစက်တတ်တဲ့ရောဂါပဲ။

ကုသရေးမှာဆိုရင် အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ဘာများပါလဲဆရာ။

ဆရာတစ်ယောက်ထဲအမြင်နဲ့ ပြောရမယ်ဆိုရင် သုံးခုလိုတယ်။ နံပါတ်တစ်က ဆေးဝါး၊ ဆေးရုံမှာ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးဆိုတာ ရှိတယ်။ ဆေးဝါးဆိုတဲ့နေရာမှာ ပြောချင်တာက ပါရာစီတမောပေါ့။ လူတိုင်းသိတယ်။ ဆရာဝန် က ပါရာစီတမောမရေးဘဲ ဘိုင်အို ဂျက်စစ်ရေးလိုက်ရင် လူနာမှာ ပါရာစီတမောရှိနေရက်သားနဲ့ ဘိုင်အိုဂျက်စစ်လိုက်ရှာရတယ
်။ ဒုတိယအချက်က ဘာလဲဆိုရင် မရှိမဖြစ်လိုအပ်တဲ့ဆေးတွေ ပဋိဇီဝ ဆေးတွေမှာဆိုရင် ဆရာတို့က အခြေခံကနေ နောက်ဆုံးအဆင့်ထိ မသုံးသင့်ဘူး။ ရောဂါအခြေအနေ ကိုကြည့်ပြီး လုပ်သင့်တယ်။ ခုက အပြိုင်ချိန်ဖြစ်နေတော့ အမြန်ပျောက်အောင်ဆိုပြီး တစ်ဆင့်ဆီ မသွားတော့ဘူး။ စတာနဲ့ တတိယ အဆင့်ကို စတက်တော့တာပဲ။ ဆေးယဉ်တဲ့ ပိုးပိုများလာတယ်။ နည်းပညာမှာလည်း အများကြီး လိုအပ်တယ်။ ဂျပန်မှာဆိုရင် လူကိုသိပ်အားမကိုးတော့ဘူး။ နည်းနည်းလေး ခြေထောက်ရောင်တာနဲ့ ဓာတ်မှန်ရိုက်တော့တာပဲ။ အကုန်သွေးစစ်တယ်။ စကန်ရိုက်တယ်။ ဆရာတို့ဆီက ဆရာဝန်အများစုက လက်မထောင်ပြီး ပြောရဲတယ်။ အတွေ့အကြုံအများကြီးသာတယ်။ နည်းပညာပိုင်းမှာ တစ်ခါတစ်လေကျတော့ လိုတယ်။ ရင်သားကင်ဆာကို အလုံးမပေါ်ခင် သိအောင်စမ်းနိုင်တဲ့စက် ဆရာတို့ဆီမှာ ဈေးကြီးတယ်။ မ၀ယ်နိုင်ဘူး။ ဒါကြောင့် လူသားအရင်း အမြစ်လည်း အရေးကြီးတယ်။ စက်ကိရိယာလည်း အရေးကြီးတယ်။ ဆေးလည်း အရေးကြီးတယ်။ မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ဆရာဝန်နဲ့လူနာကြား အဆင်မပြေမှုတွေ ခဏခဏကြားလာရတယ်။ ဒါတွေဟာဘာကြောင့် ဒီလိုဖြစ်တယ်လို့ ထင်ပါလဲ။

အရင်ကလုပ်ခဲ့တဲ့ စနစ်အမှားကြောင့်မို့ဖြစ်တာ
။ လူသားတွေပဲဆိုတော့ ဘယ်နေရာမဆို အကောင်းနဲ့အဆိုးရှိတယ်။ စိတ်ပိုင်းဆိုင်ရာမှာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူးပေါ့။ စနစ်တစ်ခုက အကောင်အထည်ဖော်မယ်ဆိုရင် ပြဿနာက ဘာလဲဆိုတော့ ငွေကြေးတတ်နိုင်မှုပဲ။ တိုင်းပြည်ရဲ့ စီးပွားရေးသည် ကျန်းမာရေးမှာ အများကြီးပတ်သက်တယ်။ ပြောချင်တာက ဘာကြောင့်ဒီလို ဖြစ်လာလဲဆိုတော့ လူနာနဲ့ဆရာဝန်အချိုးက အများကြီးကွာတယ်။ ကွာတော့ ရန်ကုန်ဆေးရုံကြီးမှာဆိုရင် လူနာဘယ်လောက်ကြည့်ရမယ် မဟုတ်တော့ဘူး။ အများကြီးကြည့်ရတယ်။ အများကြီး ကြည့်ရတော့ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို ပြောပြဖို့ အချိန်မရှိတော့ဘူး။ ဆရာတို့ရဲ့ ဆရာဝန်တွေကို ပေးတဲ့လစာက အရမ်းနည်းတယ်။ အရမ်းနည်းတော့ အပြင်မှာဆေးခန်းထိုင်ရတယ်။ ထိုင်ရတဲ့အခါကျတော့ လူနာတွေအမြင်မှာ အပြင်ကဆေးခန်းမှာ ဆက်ဆံတာတစ်မျိုး၊ ဆေးရုံမှာ ဆက်ဆံတာက တစ်မျိုးလို့ မြင်တယ်။ အရင်ကလုပ်ခဲ့တဲ့ မူဝါဒက မှားနေတယ်။ အဓိကဘာလဲဆိုတော့ ဘတ်ဂျက်ကိုသာ အရင်ကတည်းက ကျန်းမာရေးအတွက် များများသုံးလိုက်ရင် တကယ်ကို အရည်အချင်းပြည့်ဝတဲ့ ဆရာဝန်တွေ ထုတ်နိုင်တယ်။ စနစ်အရ အပြင်ထွက်ပြီးတော့ ဘွဲ့ယူလို့ မရဘူး။ ဟိုတုန်းကဖြစ်ခဲ့တာ။ ဒီထဲမှာ ပိတ်လှောင်တဲ့အခါကျတော့ လူဆိုတာက ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှ တိုးတက်တာ။

အခုနောက်ပိုင်း ကြားလာရတာက ဆေးကျောင်းဆင်းဆရာဝန်တွေက ဆေးမကုတတ်ဘူး။ လက်တွေ့မကျွမ်းကျင်ဘူးလို့ ဝေဖန်သံတွေ ကြားရတယ်ဆရာ။ ဒါတွေကရော ဘာကြောင့်အခုလိုဖြစ်လာရတာလဲ

ဆရာက ဆေးတက္ကသိုလ်မှာ ၁၉၇၈ ကနေ ၈၈ အထိ ကျောင်းဆရာပဲဆိုပါတော့။ ခွဲစိတ်ပညာကို သင်ရတဲ့ဆရာ။ ဆရာဘာမြင်လဲဆိုရင် အဆောင်တစ်ခုမှာဆိုရင် အများကြီးပဲ။ တတိယနှစ်၊ နောက်ဆုံးနှစ် အလုပ်သင် ဆရာဝန်၊ MSC ပထမနှစ်၊ ဒုတိယနှစ် အများကြီးပဲ။ သင်တဲ့
ဆရာနဲ့ မမျှဘူး။ နောက်တစ်ခုက ဒီက ဆရာဝန်ကြီးတွေက သင်ကြားရေးတင်မကဘူး။ ကုသရေးပါလုပ်ရတယ်။ ခွဲစိတ်မယ်ဆိုရင် ကြည့်ဖို့ တိုးကြိတ်နေရတယ်။ ကလေးတွေ ဘက်ကစဉ်းစားရင် ဆရာတို့တုန်းကဆိုရင် ပထမကူလုပ်၊ သူတို့က အမြဲပြောတယ်။ ငါကိုယ်တိုင်လူနာအဖြစ်နဲ့ အခွဲခံရဲမှ လူနာကို ခွဲပေးရမယ်။ ကိုယ်ချင်းစာကြည့်လေ။ လူနာကိုလက်တည့်စမ်းဖို့တော့
မကောင်းဘူး။ ဒါပေမဲ့ အဲဒီလို အခွင့်အရေးက မရနိုင်တာတွေ အများကြီးရှိတယ်။ အတွေ့အကြုံပိုင်းမှာဆိုရင် ခွဲဖို့စိတ်ဖို့ အခွင့်အရေးမရှိတော့ဘူး။ ဆရာအချိုးအစားကို ပိုခန့်ရမယ်။ ပိုခန့်ဖို့ကလည်း ဘာနဲ့သွားဆိုင်လဲဆိုတော့ ကျန်းမာရေးဝန်ကြီးမှာလည်း ဘတ်ဂျက်နဲ့ဆိုင်သွားပြီ ဘတ်ဂျက်ရမှ ပိုခန့်နိုင်မယ်။
ဆရာ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်အဖြစ် တာဝန်ယူထားရာကနေ ဘာကြောင့် ကျန်းမာရေးကော်မတီမှာ ၀င်လုပ်ဖြစ်သွားတာလဲ။

အန်တီရဲ့ရည်ရွယ်ချက် ပညာရေးနဲ့ ကျန်းမာရေးမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ချင်
တယ်။ ပညာရေးပိုင်းမှာတော့ လုပ်မယ့်သူရှိတယ်။ ကျန်းမာရေးပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ တစ်နိုင်ငံလုံးလုပ်ချင်တဲ့ အခါကျတော့ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် သူ့ရဲ့ဆရာဝန်တစ်ယောက်အနေနဲ့ ပါဝင်လာတယ်။ ဆရာတို့အသက်က ၆၀ ကျော် အငြိမ်းစားတွေပေါ့။ အငြိမ်းစားဖြစ်သွားပြီဆိုတော့ နိုင်ငံအတွက် လုပ်ပေးချင်တယ်။ သားရွှေအိုးထမ်းတဲ့ ကိစ္စပေါ့။ ကုသိုလ်လည်းရတယ်။ ပညာလည်း ဖြန့်ဝေပေးရတယ်။ အဲဒါမျိုးကို ဆရာလုပ်ချင်တယ်။

ဆရာတို့ ကျန်းမာရေးကော်မတီကအဓိကဘာတေ
ွလုပ်သွားမှာလဲ။
ဆရာတို့မကြာမီမှာ ကုသိုလ်ဖြစ်ဆေးခန်းတွေမှာ ဘာလိုအပ်လဲစုံစမ်းမယ်။ လိုအပ်တာတွေကို ဖြည့်ဆည်းပေးမယ်။ အထူးကု ဆရာဝန်ကြီးတွေ အဲဒီဆေးခန်းတွေမှာ သွားထိုင်ပေးမယ်။ ဆရာတို့ဆီမှာ အငြိမ်းစားတွေ၊ နိုင်ငံခြားပြန်တွေ အများကြီးရှိတယ်။ သူတို့ကလည်း ကုသိုလ်လုပ်ချင်တယ်။ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင် သွားကြမယ်။ သားဖွားမီးယပ်ပါမယ်။ နားနှာခေါင်းပါမယ်။ ခွဲစိတ်ဆရာဝန်တွေပါမယ်။ ကလေးအထူးကုတွေပါမယ်။ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ကြီးတွေပါမယ်။ သူတို့တွေနဲ့ အားဖြည့်ပေးမယ်။ ကုသိုလ်ဖြစ်ဆေးခန်းတွေ အတွေ့အကြုံလည်းရ၊ လူနာအတွက်လည်း အကျိုးရှိမယ်။ နောက်တစ်ခုက အရေးပေါ် ၀န်ဆောင်မှုပေးမယ်။ ဆေးဝါးပိုင်းဆိုင်ရာမှာလည်း
သက်သောင့်သက်သာနဲ့ ၀ယ်လို့ရအောင် စီစဉ်ပေးမယ်။ ကျန်းမာရေးကွန်ရက်က အဓိကလုပ်ရမှာက H သုံးလုံးပေါ့။ Health ၊ Happiness ၊ Harmony ကျန်းမာပြီးပျော်ရွှင်နေရမယ်

ကင်ဆာနဲ့ပတ်သက်ပြီး လုပ်ဖို့ရှိတယ်လို့ သိထားတော့ ဘာများလုပ်ဖို့ရှိလဲဆရာ။

မြန်မာနိုင်ငံမှာ အဖြစ်များတာက အမျိုးသမီးတွေမှာ နံပါတ်တစ်က ရင်သားကင်ဆာ။ နံပါတ်နှစ်က သားအိမ်ခေါင်းကင်ဆာ။ သြစတြေးလျက အလှူရှင်တစ်ဦးက အကြိတ်မပေါ်မီ သိနိုင်တဲ့စက် လှူဖို့ရှိတယ်။ ဒါကြောင့် စစ်ချင်တဲ့လူရှိရင် တစ်နေ့လူ ၅၀ စစ်ပေးမယ်။ စစ်လို့အလုံးပေါ်တဲ့လူကို အခမဲ့ခွဲစိတ်ကုသပေးမယ်။

ဒေါ်အောင်ဆန်းကြည်ရဲ့ မိသားစုဆရာဝန်ဆိုတော့ အန်တီစုရဲ့ ကျန်းမာရေး အခြေအနေလည်း သိပါရစေ။

အရမ်းကျန်းမာတယ်။ ဆရာပုံမှန်စစ်ဆေးတယ်။ အရမ်းကျန်းမာတယ်။ အရမ်းနေကောင်းတယ်။ အန်တီ့အသက်အရွယ်နဲ့ လုပ်နိုင်တာမျိုးကို တခြားလူတွေ လုပ်နိုင်ဖို့ခက်တယ်။ အန်တီရဲ့ အားသာချက်က အလွန်ကောင်းတဲ့ လူနာပေါ့။ အန်တီ့ကို ဆေးတစ်ခုပေးရင် တချို့ရှိတယ်မလား၊ အဲဒါဘာဆေးလဲ။ အန်တီက ဘယ်တော့မှ မမေးဘူး။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိတယ်။ အစ်မဒါလေး သောက်လိုက်ပါဦးဆို သောက်တယ်။ ဒါလေး စားလိုက်ပါဦးဆို စားတယ်။ ကုသရတာ စိတ်အချမ်းသာဆုံး လူနာကတော့ အန်တီပဲ။ နောက်ထပ် ၁၀ နှစ်လောက်ထိတော့ တာဝန်ယူလို့ရတယ်။ ဥပမာ ကင်ဆာတို့လိုမျိုး၊ သွေးတိုး၊ ဆီးချိုတို့လိုမျိုး ဘာမှမဖြစ်ဘူး။

ကျန်းမာရေးကွန်ရက်ရဲ့ အလှူငွေ လက်ခံတဲ့ ပေါ်လစီကိုလည်း သိပါရစေ။

လမ်းစဉ်ကိုချပြမယ်။ စတယ်ဆိုတာ ပိုက်ဆံရှိမှရမယ်။ ပိုက်ဆံနဲ့ပတ်သက်ပြီး ဒီလကစပြီး အလုပ်စလုပ်ပြီပေါ့။ ရုံးခန်းငှားတယ်။ သွားဖို့အတွက် လူနာတင်ယာဉ်တွေလိုတယ်။ စဖို့အတွက်ကတော့ ရန်ပုံငွေရှာဖွေရေး တစ်ရက်လုပ်လိုက်ရတယ်။ Park Royal မှာလုပ်လိုက်ရတယ်။ ဒီရတဲ့ ငွေတွေကို တကယ်အကျိုးရှိရှိ သုံးရမယ်။ ဥပမာ ဆိုပါတော့ သွားတဲ့နေရာတိုင်းမှာရှိတဲ့
ဆေးကုချင်တဲ့လူတွေ လိုအပ်နေတဲ့ လူတွေအတွက် ကုသပေးရမယ်။ အလုပ်နဲ့သက်သေပြပြီးတော့ ဆုံးဖြတ်မယ်။ အဲဒီကျမှ အလှူငွေပေါ့။ အလှူတွေကိုတော့ ဘယ်သူမဆိုကန့်သတ်ချက်မရှိဘူး။ ခရိုနီတို့ ဘယ်အဖွဲ့အစည်းတို့ မဟုတ်ဘူး။ စေတနာရှိရင် လှူလို့ ရတယ်။

ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါလဲ။

ဘာမှပြောစရာမရှိတော့ပါဘူး။ ကျေးဇူးတင်ပါတယ်။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ။
 
No comments :

Post a Comment

Blogger Widgets
Back to Top