Blogger Widgets

Wednesday 8 May 2013

" စက်မှုဇုန်များကို ရက်အကန့်အသတ်မရှိ ၂၄ နာရီ အမှောင်ချပြီ "

Photo: " စက်မှုဇုန်များကို ရက်အကန့်အသတ်မရှိ ၂၄ နာရီ အမှောင်ချပြီ "
Wednesday,May08,2013

ရန်ကုန်စက်မှုဇုန်များ အားလုံးကို ရက်အကန့်အသတ်မရှိ ၂၄ နာရီစလုံး မီးဖြတ်မည်ဟု အကြောင်းကြားစာများ ပို့ထားကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များ ထံမှ သိရသည်။

''အရင်က ဖြတ်မယ်ပြောတာက ဘယ်ရက်ကနေ ဘယ်ရက်နေ့အထိ ဆို တာပါတယ်။ အခုက အကန့်အသတ်မရှိ ဖြတ်မယ်လို့ပဲ ပါတယ်။ ရက်အတိအကျမပါဘူး''' ဟု ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ပြော သည်။

ဓာတ်အားထုတ်လုပ်မှုများ ကျ ဆင်းလာခြင်းကြောင့် ပြည်သူကို မီးပို ပေးချင်၍ စက်မှုဇုန်များကို မီးဖြတ် တောက် ရခြင်း ဖြစ်ကြောင်း နေပြည်တော်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။စက်မှုဇုန်များနှင့် ဇုန်ပြင်ပရပ် ကွက်များတွင် စက်မှုသုံး ပါဝါ၊ အိမ်သုံး ပါဝါ၊ ကိုယ်ပိုင်ထရန်စဖော်မာများဖြင့် လုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်း များ၊ အသေးစား
စက်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ မေ ၆ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးဖြတ်တောက်လိုက် ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လျှပ်စစ်မီး ဖြတ်တောက် လိုက်ခြင်းသည် CMP (လက်ခစား) လုပ်ငန်းဖြစ်သော အထည်ချုပ်လုပ်ငန်း များ၊ အအေးခန်းရေထွက်ပစ္စည်း လုပ် ငန်းများတွင် ထိခိုက်မှုများ ဖြစ်ပေါ်နေ ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ဂျပန်အော်ဒါ CMP များကို စက် အလုံးရေ ၇ဝဝ ကျော်ဖြင့် လုပ်ကိုင်နေ သော ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက ''CMP လုပ်ရတာ မှာ အပြိုင်အဆိုင်တွေကရှိတယ်။ ကိုယ့်နိုင်ငံက လျှပ်စစ်မီး မလုံလောက် လို့ ပါဆိုပြီး တိုးတောင်းလို့ အဆင်မပြေ ဘူး။ ကိုယ်က တိုးယူမယ်ဆိုရင် အော် ဒါတွေ လျှော့သွားမှာပေါ့'' ဟု ပြော သည်။

မြန်မာနိုင်ငံသည် CMP အထည် ချုပ်လုပ်ငန်းကို ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံ များနှင့် ဈေးကွက်ယှဉ်ပြိုင် လုပ်ကိုင်နေ ရခြင်းဖြစ်သည်။

''ဟိုနိုင်ငံတွေရဲ့ အားသာချက်က လျှပ်စစ်မီးအပြည့်အဝ ရတယ်။ အထည်ချုပ်ဖို့လိုအပ်တဲ့ ပိတ်၊ ချည်၊ ကြယ် သီးတွေက သူတို့နိုင်ငံထဲမှာပဲ ဝယ်လို့ရတယ်။ ဒီမှာက အဲ့ဒီလိုမဟုတ်ဘူး။ ပိတ်၊ ချည်တွေက အင်ပို့လုပ်ရတယ်။ လျှပ်စစ် မီးက မရဘူး။ ဒီမှာပေါတာက လုပ်အား ခပဲ။ ဒါပေမဲ့ သက်သာတဲ့ လုပ်အားခနေ ရာကို လျှပ်စစ်မီးခ၊ အင်ပို့ခတွေက ဝင်နေရာယူ သွားတော့ အခြားနိုင်ငံတွေ နဲ့ ဈေးအတူတူပဲ ဖြစ်နေတာမှာ အခုလို မီးပျက်တာတွေကို ထပ်တိုးတောင်းဖို့ က အဆင်မပြေဘူး'' ဟု ၎င်းက ပြောသည်။

၂၄ နာရီ မပြတ် မီးပေးရသော အအေးခန်း ငါးလုပ်ငန်းများ အနေဖြင့်လည်း ၂၄ နာရီ ဂျင်နရေတာဖြင့် လည်ပတ်ရမည်ဆိုပါက တစ်ရက်လျှင် စက်သုံးဆီဖိုး ကျပ် ၁ဝ သိန်းကျော် ကုန်ကျမှုရှိကြောင်း GFTI အအေးခန်း စက်ရုံမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးညွန့်က ပြောသည်။

အအေးခန်း ငါးလုပ်ငန်းရှင်များသည် ယခုနှစ်တွင် လျှပ်စစ်မီး မရရှိ ခြင်းကြောင့် အရှုံးပြနေရပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အအေးခန်း စက်ရုံ ၇ဝ ကျော်ရှိသည့်အနက် စက်ရုံ ၁ဝ ရုံသာ ပုံမှန်လည်ပတ်မှုရှိကာကျန် စက်ရုံများသည် ပုံမှန်လည်ပတ်နိုင်မှု မရှိဖြစ်နေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

၂၄ နာရီ လျှပ်စစ်မီးပြတ်တောက်မှုကို သင်္ကြန်မတိုင်ခင်ကာလက ၁ဝ ရက်ခန့် ဖြတ်တောက်ခဲ့ပြီး ဧပြီ ၁၃ ရက်နေ့တွင် လျှပ်စစ်မီး ပြန်လည်ပေးဝေခဲ့ပြီး တစ်ရက်လျှင် အလှည့်ကျစနစ်
ဖြင့် ၅ နာရီ လျှပ်စစ်မီး ရရှိခဲ့ကြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

ဝေယံမိုးမြင့်၊ ထက်ထက်မိုးမြင့်
Popular Myanmar News Journal

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ဖြင့် ၅ နာရီ လျှပ်စစ်မီး ရရှိခဲ့ကြောင်းလုပ်ငန်းရှင်များထံမှ သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top