Blogger Widgets

Sunday 5 May 2013

အသက် ၇၂နှစ်အရွယ်ရှိ အဘိုးအိုတစ်ဦးအား ဆယ်အိမ်ခေါင်းဆိုသူက တုတ်နဲ့ရိုက်မှု ဖြစ်ပွား

SAM_3441
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့ နယ် သံဘိုကျွန်းကျေးရွာအုပ်စု သဲသောင်ပြင်တွင် ဧပြီ ၂၄ရက်နေ့ည ၉နာရီခန့်က အသက်၇၂နှစ်အရွယ် ရှိ အဘိုးအိုတစ်ဦးအား ၎င်းသဲသောင်ပြင်ဆယ်အိမ်မှူးဆိုသူတစ် ဦးက တုတ်ဖြင့် ရိုက်မှုဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။
အရိုက်ခံရသူအဘိုးအိုက ““သမီးနဲ့ သမက်  လင်မယားစကား များလို့ ဆယ်အိမ်မှူး သန်းဦးကို သွားတိုင်တာ။ သန်းဦးက လင်မ ယား ရန်ဖြစ်တာကို တုတ်နဲ့ဝင် ရိုက်တာ၊အဲဒါသွားဆွဲတော့ ကျုပ် ပါ အရိုက်ခံရတယ်။ ဘယ်ဖက် န ဖူးထောင့်နဲ့ မျက်လုံးကြားကွဲသွား တယ်။ အသက်ကြီးတော့ မူးပြီး မျက်စေ့ကြည့်မရလို့ မန္တလေးပြည် သူ့ဆေးရုံကြီး opt ကိုသွားပြ တယ်။ ဆေးစာရေး ဆေးကုပြီး အဲ ဒီည (နောက်မနက်) ၂နာရီမှာ ပုသိမ်ကြီးရဲစခန်းမှာ သွားအမှုဖွင့် ထားတယ်။ အမှုလက်ခံတာ တာ ၀န်မှူး ဒုရဲအုပ်သိန်းထိုက်နိုင်ပါ။
ပုသိမ်ကြီးအပိုင် သရက်တပင် ရဲစ ခန်း ရဲကင်းမှူး ဒုရဲအုပ် ဂျူလီယို၊ ရဲတပ်ကြပ် အောင်မျိုးအေး၊ ဒုတပ် ကြပ် ရဲနိုင်နဲ့ ရဲတပ်သား နိုင်လင်း ဆွေတို့ကိုလည်း အကြောင်းကြားပါ တယ်။
ရောက်လဲလာတယ်။ ရိုက် တဲ့ ဆယ်အိမ်ခေါင်းသန်းဦးကို စစ် ဆေးမေးမြန်းဖို့ အဲဒီညက ရှာတာ မတွေ့ဘူးလို့ ပြောတယ်။ အခုလဲ ကိုယ်ကသာအရိုက်ခံရတာကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း မကူညီ ဘူး။ တာဝန်ရှိရဲတွေကလည်း ကူ ညီမပေးဘူး။ အသက်ကြီးမှ အရိုက် ခံရပြီး မရှိမဲ့၊ ရှိမဲ့ချွေးနဲစာလေးနဲ့ ဆေးကုနေရတယ်။ အခုလဲ စခန်း က အဲဒီကိစ်္စက ရဲအရေးမပိုင်လို့ တရားရုံးကို ဦးတိုက်လျှောက်ရ မယ်။ ကခ ဆိုလား ဘာဆိုလားပဲ၊ အသက်ကလဲ ကြီးပြီ၊ ၀င်ငွေကလဲ မရှိဘူး။ အခုဆယ်အိမ်ခေါင်းက ရိုက်လို့ ဆေးကုနေရတယ်။ အမှုဖွင့်တော့လဲ ရဲအရေးမပိုင်လို့တရား ရုံးကို ဦးတိုက်လျှောက်ပါတဲ့၊ တရား ရုံးဆိုတာကလဲ ပိုက်ဆံရှိမှ သွားလို့ ရမှာ၊ တာဝန်ရှိသူများအနေနဲ့ ကူ ညီပေးကြပါ”” လို့ တုတ်နဲ့အရိုက်ခံ ရတဲ့
အဘိုးဦးညွှန့်ရင်က ပြောပါ တယ်။
၎င်းကိစ္စနှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် သရက်တပင် ရဲ ကင်းမှူး ဒုရဲအုပ် ဂျူလီယိုအား မေးမြန်းကြည့်ရာ ““ဒါက သာမန်ဖြစ် စဉ် ရိုက်တဲ့အမှုပါ။ ပုဒ်မ ၃၂၃ ရဲ အရေးမပိုင်ပါဘူး။
အာမခံရတဲ့ အမှုပဲ၊ အမှုမဖွင့်သေးပဲ၊ တရားရုံး ဦးတိုက်မလျှောက်ပဲ ကျွန်တော်တို့ ဘာမှ လုပ်လို့မရပါဘူး။ ဒါပေမယ့် သန်းဦးကို ရှာပြီးမေးမြန်းကြည့်ပါ ဦးမယ်။ ပုသိမ်ကြီးစခန်းမှာ အမှု ဖွင့်ထားတယ်လို့တော့ သိရတယ်။ ရဲက ဘာမှလုပ်မရဘူး။ တရားရုံး ကပဲ ဦးတိုက်လျှောက်မှ ရမှာပါ”” လို့ ပြန်လည်ပြောကြားပါတယ်။
၎င်းရိုက်မှုဖြစ်စဉ်နှင့် ပတ် သက်၍ အရိုက်ခံရသူ အဘိုး ဦး ညွှန့်ရင်သည် ဆေးကုသရန် ဆေး ဘိုးဝါးခနှင့် တရားရုံးတွင် အမှုရင် ဆိုင်ရန် ငွေကြေးအခက်အခဲရှိသဖြင့် ကူညီစောင့်ရှောက်ပေးမည့် သူများအား အားကိုးလျက်ရှိ ကြောင်း သိရှိရပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top