၂၀၁၃ ခုနှစ်မှစ၍ တစ်နိုင်ငံလုံးရှိ ဆည်ရေထွက်ပေါက် ၄၀၀၀ မှ
အသေးစားလျှပ်စစ် ထုတ်ယူပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့
လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
"လျှပ်စစ်ဓာတ်အား ရရှိဖို့ အရမ်းလိုအပ် နေပါတယ်။ ရနိုင်မယ့်
နည်းလမ်းတွေနဲ့ ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနမှာ ဆွေးနွေးကြပါတယ်။
အဲဒီလိုဆွေးနွေးရာမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောပါတယ်။ ဆည်ရေထွက်ပေါက် ၄၀၀၀ ခန့်ကနေ အသေးစား
လျှပ်စစ်ထုတ်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးပေးနိုင်ဖို့ ဒီနှစ်ကစပြီး ဆောင်ရွက်မှာပါ။ အသေးစား
လျှပ်စစ်ဓာတ်အား ထုတ်ယူရာမှာ ငါးကီလိုကနေ ၁၈ ကီလိုအထိ ထုတ်လုပ်ဖို့
ကိုရီးယားနိုင်ငံနဲ့ သဘောတူညီ ထားပါတယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးလှဆွေက ပြောကြားသည်။
လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် တရုတ်နိုင်ငံသို့
သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ မြန်မာနိုင်ငံမှ ရရှိမည့်
ဓာတ်ငွေ့များကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး
သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments :
Post a Comment