ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းနှင့် အထူးသင့်တော်သော
ဝင်ရိုးသုံးချောင်းပါ Express ကား များ ရောက်ရှိပြေးဆွဲနေပြီ ဖြစ်ကြောင်း
“Higer Bus ကုမ္ပဏီ”မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးချစ်က ပြောသည်။
ယာဉ်အန္တရာယ် ကင်းရှင်း လုံခြုံစေရန်အတွက် အမြင့်မားဆုံး နည်းပညာဖြင့်
တည်ဆောက်ထားသော ၀င်ရိုးသုံးချောင်းပါရှိသည့် 3 Axles Higer Bus များ စတင်
တင်သွင်းခဲ့ပြီး လက်ရှိအချိန်တွင် JJ Express ၊ ရာဇာထွန်း၊ ရာဇာမင်း၊
ငွေနှင်းမန္တလာ၊ တက်လမ်းစသော အဝေးပြေးယာဉ်လိုင်းများမှ ကြိုတင်မှာယူကာ
ပြေးဆွဲနေပြီဖြစ်ကြောင်း သိရှိရသည်။
“အခု ၀င်ရိုး
သုံးချောင်းပါရှိတဲ့ Higer Bus တွေကို လက်ရှိ အမြန်လမ်းမှာ ပြေးဆွဲနေတဲ့
ယာဉ်လိုင်းတွေမှာ အဓိကရောင်းချသွားမှာပါ၊ Higer Bus တွေ ဈေးကွက်မှာ
အောင်မြင်နေတာကလည်း Safety ဖြစ်တဲ့ အတွက်ကြောင့်ပါ၊ Higer Bus တွေကို
စီးနင်းတဲ့ခရီးသည်တွေ လုံခြုံမှုရှိအောင် ယာဉ် ရဲ့ ကိုယ်ထည်ပိုင်းတွေကို
ငှက်လှောင်အိမ်တွေလို တည်ဆောက်ထားတဲ့အတွက် အန္တရာယ်တစ်ခုခု ဖြစ်ပေါ်လာခဲ့ရင်
ခရီးသွား ပြည်သူတွေအတွက် ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်”ဟု Higer ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးဝင်းမျိုးချစ်က ပြောကြားခဲ့သည်။
ဝင်ရိုးသုံးချောင်းပါရှိသည့် Higer Bus များ၏ အားသာချက်များမှာ ဘီး
ခြောက်ဘီးနှင့် ၀င်ရိုး နှစ်ချောင်းသာပါသော ဘတ်စ်များထက် ယာဉ်တည်ငြိမ်မှု၊
ချွတ်ချော် တိမ်းမှောက်မှု၊ တာယာကွဲ တိမ်းမှောက်မှု၊ စလစ်ဖြစ်နိုင်မှုစသည့်
အန္တရာယ်ဖြစ်ပွားနိုင်ခြေ အနည်းဆုံးဖြစ်ပြီး လက်ရှိ အမေရိကားတိုက်၏ သက်တမ်း
အကြာဆုံး၊ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး ယာဉ်လိုင်းတစ်ခုဖြစ်သည့် Gray
Hom Express ယာဉ်လိုင်းမှာ ၃ 3 Axles ပါ ယာဉ်တစ်မျိုးတည်းကိုသာ
လက်ရှိသုံးစွဲနေပြီး ယင်း 3 Axles Bus များကို Higer Bus တွင်
ဝယ်ယူရရှိနိုင်ကာ မှာယူတပ်ဆင်သည့်အပေါ် မူတည်၍ ကျပ် သိန်း တစ်ထောင်ကျော်
ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်ရိုးသုံးချောင်းပါရှိသည့် Higer Bus များ၏ အားသာချက်များမှာ ဘီး ခြောက်ဘီးနှင့် ၀င်ရိုး နှစ်ချောင်းသာပါသော ဘတ်စ်များထက် ယာဉ်တည်ငြိမ်မှု၊ ချွတ်ချော် တိမ်းမှောက်မှု၊ တာယာကွဲ တိမ်းမှောက်မှု၊ စလစ်ဖြစ်နိုင်မှုစသည့် အန္တရာယ်ဖြစ်ပွားနိုင်ခြေ အနည်းဆုံးဖြစ်ပြီး လက်ရှိ အမေရိကားတိုက်၏ သက်တမ်း အကြာဆုံး၊ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး ယာဉ်လိုင်းတစ်ခုဖြစ်သည့် Gray Hom Express ယာဉ်လိုင်းမှာ ၃ 3 Axles ပါ ယာဉ်တစ်မျိုးတည်းကိုသာ လက်ရှိသုံးစွဲနေပြီး ယင်း 3 Axles Bus များကို Higer Bus တွင် ၀ယ်ယူရရှိနိုင်ကာ မှာယူတပ်ဆင်သည့်အပေါ် မူတည်၍ ကျပ် သိန်း တစ်ထောင်ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။

No comments :
Post a Comment