ဒုတိယအကြိမ်နှင့် ဒုတိယအခေါက် ရန်ကုန်မှ ပြန်လည်ထွက်ခွာလာပြီးနောက် ထိုင်းနိုင်ငံ(ဘန်ကောက်)မြို့သို့ ရောက်ရှိ နေပါပြီ။
ကျွန်တော်သည် ဘန်ကောက်တွင် ရှိနေစဉ် အသွားဒုက္ခကို မခံလိုသော ကြောင့် “အိုင်ဘစ်စ်”(Ibis) ဟိုတယ်ကြီး၏ မြက်ခင်းပြင်လှလှပေါ်တွင် စာထိုင်ရေးမိ နေပါသည်။ ကျွန်တော်၏လက်ဝဲဘက် ခပ်လှမ်းလှမ်းတွင်ကား “မာဘိုခရောင်း” (MBK) ခေါ် ကုန်တိုက်ကြီးနှင့် ကျွန် တော်၏ ရှေ့တည့်တည့်တွင်ကား “ဘတ် မင်တန်” (Badminton) အားကစားကွင်း ကြီးက ရှိနေလေသည်။ ကျွန်တော်၏ ဦးခေါင်းတစ်ဝက်နီးပါးလောက်တွင်မူ မိုးပျံရထားဘူတာရုံက အုပ်မိုးထားသော ကြောင့် မပူလွန်း၊ မအေးလွန်း ရှိနေ သဖြင့် ဘန်ကောက်တွင်နေ၍ကောင်း သော အချိန်ပင် ဖြစ်လေသည်။
ယခု ကျွန်တော်ရှိနေသော “ဘန် ကောက်စီယမ်” (Banskok Siam) ဒေသ သည် လူသူစည်ကားသော ဒေသတစ်ခု အပါအ၀င် ဖြစ်လေသည်။ မိုးပျံရထား သည် အတော်သွားနေသည့်နည်းတူ မြို့ တွင်းကား လမ်းပေါ်တွင်လည်းကား မျိုးစုံ တို့သည် မပြတ်ပင် ပြေးလွှားခုတ်မောင်း နေလေသည်။
ကျွန်တော်သည် “ခေတ်ပြိုင်” သတင်းစာနှင့် ဂျာနယ်ထုတ်ဝေသော အခါတွင်လည်း ဘန်ကောက်တွင်နေခဲ့ဖူး သည်။ “မာနယ်ပလော”ကျပြီးနောက်ကား ဘန်ကောက်မှတစ်ဆင့် “မနီလွိုင်း” ဒုက္ခ သည်စခန်းတွင် တစ်နှစ်ခွဲကျော်ကျော်ထိ နေခဲ့ဖူးလေသည်။ ဤသို့ဖြင့် ဘန်ကောက် သည် ကျွန်တော့်အတွက် အစိမ်းသက် သက် မဟုတ်တော့ပါချေ။
ကျွန်တော့်အတွေးများသည်ကား လမ်းပေါ်၊ ရထားပေါ်၊ လူသွားလူလာ များအပေါ် ရောက်ရှိနေရာမှ မြန်မာ နိုင်ငံအပေါ်နှင့် ထိုင်းနိုင်ငံအပေါ်သို့ ရောက်ရှိလာလေသည်။
““ရန်ကုန်မှမထွက်လာခင် အမေရိ ကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ (၉၅၀) ကိုးရာ့ငါးဆယ် ဘန်ကောက်မှာတော့ အမေရိကန်တစ်ဒေါ်လာ ထိုင်းဘတ်သုံး ဆယ်ဘတ်””
““ထိုင်းနဲ့မြန်မာ တိုက်ရိုက်ငွေ လဲ လှယ်နှုန်းက မြန်မာတစ်ကျပ်မှာ ထိုင်း ဘတ်သုံးဘတ်…””
““အန်ကယ်တို့ ဘန်ကောက်မှာ ရှိ တုန်းက ထိုင်းပျံကျအလုပ်သမား တစ်ဦး က တစ်နေ့ နှစ်ရာ့ငါးဆယ်၊ သုံးရာ ဘတ် ရမှ အလုပ်လုပ်ကြတယ် အန်ကယ်။ ခုတော့ တစ်လ ဘတ်တစ်သောင်းရမှ လုပ်တော့တယ် အန်ကယ်””
မနေ့ညကစကားဝိုင်းတွင် (tacdbs) မှ ကိုမြင့်ဝေ၏ စကားကို ပြန်လည် ကြား ယောင်မိလေသည်။
““ဒါကြောင့်မို့ပဲ ထင်ပါရဲ့။ ထိုင်းနိုင်ငံ ကို ရောက်နေတဲ့ မြန်မာပြောင်းရွှေ့ အလုပ်သမား(ယောက်ျား+မိန်းမ)သုံး သန်းလောက်ဟာ ထိုင်းတွေ မလုပ်တော့ တဲ့ အောက်ကြေးနဲ့ တစ်လဘတ်သုံး ထောင်နဲ့ ရရာအလုပ်ကို လုပ်နေကြ တယ်ပေါ့””
ထိုတခဏမှာပင် မဲဆောက် မွန်သစ် ဟိုတယ်(Polnthep Hotel)မှ ဘန်ကောက် မှ မောင်ဖိုး(ကြညေါ့သူ) ဟိုတယ်တို့မှ မြန်မာမိန်းကလေး အလုပ်သမားများ၏ မျက်နှာကို မြင်ယောင်လိုက်မိပါတော့ သည်။
““ကိုမြင့်ဝေရေ၊ ဘန်ကောက်ကို ငါ မကြိုက်တာက အနံ့တွေထွက်နေတဲ့ မြောင်းတွေပဲကွယ့်။ ခုတော့ ရန်ကုန်မှာ လည်း မကောင်းတဲ့အနံ့တွေက လှိုင်နေ ပါတယ်ကွယ်””
““ရန်ကုန်မှာက မြို့တော်ဝန်သာ ရှိတယ်။ မြူလူကြီးက မရှိဘူး။ ဒီတော့ ဆူးလေဘုရားလမ်းနဲ့ ဘားလမ်းအထိ မကောင်းတဲ့ အနံ့တွေ ထွက်နေတာပေါ့။ ဘန်ကောက်မှာတော့ အနံ့ထွက်တဲ့ ရေ မြောင်းတွေကို မြို့တော်အုပ်ချုပ်ရေး လည်း မနိုင်၊ စစ်တပ်လည်းမနိုင်၊ ဘန် ကောက်ကိုယ်တိုင် နှစ်စဉ် မီတာဝက် လောက် ရေအောက်နဲ့ မြေအောက် ကမ္ဘာထဲ နိမ့်ဝင်နေတယ်တဲ့ အန်ကယ်””
ကျွန်တော်သည် လူသားတစ် ယောက်အနေနဲ့ လူဦးရေ သန်းပေါင်း ခြောက်ထောင်က သန်းပေါင်း ခုနစ် ထောင်ထဲ ထိုးဖောက်ဝင်လာသော ကမ္ဘာကြီးကို လှမ်းမျှော်ကြည့်မိပါသည်။ လူဦးရေသန်းပေါင်း တစ်ထောင်ကျော်စီ ရှိနေသော တရုတ်နဲ့ အိန်္ဒိယလိုပဲ ကြည့် ကြည့်၊ တိုကျို၊ ဂျကာတာ၊ ဘန်ကောက်နဲ့ ရန်ကုန်ကိုပဲကြည့်ကြည့်၊ စီးပွားရေး၊ လူမှု ရေး၊ အလုပ်အကိုင်ရရှိရေးကို အကြောင်း ပြု၍ လူသားတို့သည် တောနယ်မှ မြို့ပြ ပေါ် ပြောင်းရွှေ့နေထိုင်လာကြသည်။
ဤသို့ဖြင့် ပြောင်းရွှေ့လာသော လူ သားများနှင့်အတူ လူ့ပြဿနာများသည် ထက်ကြပ်မကွာ ပူးတွဲပါလာသည်။ ဘန် ကောက်ကို ကြိုက်သလောက် ချဲ့ပါ။ မိုးပျံကားလမ်းတွေ ကြိုက်သလိုတည် ဆောက်၊ လူတွေ ပိတ်ဆို့မှုနဲ့ ကားတွေ ပိတ်ဆို့မှုကတော့ ဘန်ကောက်မှာ မရွေ့ နိုင်သလို ရန်ကုန်မှာလည်း လှည်းတန်း ကုန်းကျော်နှင့် ရွှေဂုံတိုင်ကုန်းကျော် လောက်ဖြင့် မရွေ့နိုင်ပါ။ လူတိုင်းလူတိုင်း လမ်းသွားရင်း ကုသိုလ်ရရန်အတွက် စိပ်ပုတီး စိပ်သွားရင်းဖြင့် အကောင်းဆုံး ပင် ပြခဲ့လေသည်။
ယခုတစ်ခေါက် ကျွန်တော် မြန်မာ နိုင်ငံ ရောက်သောအခါ မွန်ပြည်နယ်၊ ကရင်ပြည်နယ်သို့လည်း အရောက်သွား ခဲ့သည်။ ဘုရင့်နောင်တံတားကြီးကို ကျော်ဖြတ်၍ ဧရာဝတီတိုင်း ပုသိမ်၊ မြောင်းမြသို့လည်း ရောက်သွားခဲ့သည်။ ထိုမှ ဟံသာဝတီ၊ တွံတေးဘက်သာမက ပဲခူးတိုင်း တောင်ငူအထ ခရီးပေါက် အောင် သွားခဲ့ပါသည်။ ယခုကဲ့သို့ ကျွန် တော်ပုဂ္ဂလိက ခရီးသည်အဖြစ် ခရီး ဆက်တိုက် သွားသည့်နည်းတူ စစ်အစိုးရ တစ်ဖြစ်လဲ ဒီမိုကရေစီဖူးပွင့်စ သမ္မတ ကြီးအနေနှင့်ကလည်း ကမ္ဘာ့အရှေ့ဘက် ခြမ်းကိုပြေးလိုက်၊ ကမ်္ဘာ့အနောက်ဘက် ခြမ်းကို ပြေးလိုက်ဖြင့် တိုင်းပြည်ထူထောင် ရေးကို လုံးပန်းနေတဲ့နည်းတူ ၀န်ကြီး ဦးအောင်မင်း ခမျာမှာလည်း လက်နက် ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့လိုက်၊ စကားတွေလည်း ပြောလိုက်ပါပဲခင်ဗျာ။
ဒီနေရာမှာ ၀န်ကြီးဦးအောင်မင်း အနေနှင့် လူမျိုးစု လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းရာမှာ (၁) မေးသူနေရာမှာလား၊ ရယူသူနေရာမှာလား (၂) မေးသူဆိုရင် ဘယ်အထိ မေးနိုင်မလဲ၊ ရယူလိုသူတွေ ကလည်း ဘယ်အထိ ရယူလိုပါသလဲ (၃) နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ် တို့ ရပ်စဲရာမှာ သတင်းစာဆရာကြီး ““ဘာ တေးလင့်တနာ”” ရေးသားသလို လူမျိုးစု လက်နက်ကိုင်တွေ အရိုးစွဲတာကို ကျွန် တော်တို့သိကြရင်တော့ အကောင်းဆုံး ပါပဲခင်ဗျား။
““ကဲ-ကဲ-ကိုမြင့်ဝေ၊ ညဥ့်လည်း ၁၂ နာရီ ထိုးပြီ၊ ငါလည်း အိပ်ချင်ပြီကွယ်””

No comments :
Post a Comment