ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ကိုးခုကို အထောက်အပံ့ ပေးနေသည့် နိုင်ငံတကာ အလှူရှင်များမှ အထောက်အပံ့များ လျှော့ချမှုကြောင့် The Border Consortium (TBC) က စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုကို လျှော့ချရခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထိုသတင်းနှင့် ပတ်သက်၍ အုန်းဖျံဒုက္ခသည် စခန်းတွင်း နေထိုင်နေသော မစန်းစန်းမော်က "ကျွန်မတို့ကို ရိက္ခာထပ်လျှော့မယ်လို့ ပြောတယ်၊ အရင်ကဆိုရင် လူကြီးတစ်ယောက်ကို ဆန် ၁၅ ကီလို ပေးတယ်၊ ၂၀၁၂ နှစ်စကတည်းက ဆန် ၁၂ ကီလိုပဲ ပေးတော့တယ်၊ တကယ်တော့ မလုံလောက်ပါဘူး။ ကျွန်မတို့တွေက ထမင်းကိုပဲ အားပြုစားနေ ရတာပါ။ ကျွန်မတို့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် မရှိတော့ ၀င်ငွေမရှိဘူး။ ဒါကြောင့် ကန့်ထဲမှာ TBC ကပေးတဲ့ ရိက္ခာကိုပဲ အားပြုနေရတာ။ မလောက်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ တစ်ခါတလေ ကျွန်မတို့ အပြင်ထွက်ပြီး အလုပ်ခိုးလုပ်ကြတယ်။ ပြန်လာရင် မောမောနဲ့ ထမင်းပဲစားဖို့ ရှိတာလေ။ ထမင်းကတော့ တစ်ရက်ကို သုံးကြိမ်လောက် စားဖြစ်တယ်။ ကလေးတွေကိုလည်း သရေစာ မကျွေးနိုင်တော့ ထမင်းပဲ ကျွေးရတယ်။ မြန်မာပြည်ထဲကို ပြန်ဖို့ကျတော့ စိတ်မချရသေးဘူး။ ကျွန်မတို့က ခရစ်ယာန်တွေလေ။ အခုပြည်တွင်းမှာကလည်း ဘာသာရေးတွေ ဖြစ်နေတာဆိုတော့ ကျွန်မတို့ မပြန်ချင်ဘူး။ အခုလို ဆက်တိုက်ရိက္ခာတွေ လျှော့နေတာက အနုနည်းနဲ့ ကျွန်မတို့ကို နှင်နေတယ်လို့ ထင်ပါတယ်" ဟု ပြောကြားသည်။
TBC ၏ တာဝန်ရှိသူများက ရိက္ခာများကို လျှော့ချသည်မှာ မှန်သော်လည်း စခန်းများအတွင်းရှိ လူတို့အား ကြည့်ရှု၍ လိုတိုးပိုလျှော့ လုပ်မည်ဟု ပြောကြားထားကြောင်း သိရသည်။ နို့ဖိုးကန့်တွင် ရပ်ကွက်လူကြီးအဖြစ် ဆောင်ရွက်နေသူ တစ်ဦးက "camp တွေထဲကို TBC က လေ့လာတားတာ ရှိတယ်။ တချို့တွေအတွက် ရိက္ခာက အရမ်းလိုအပ်နေတာ မှန်ပေမယ့် တချို့တွေကတော့ သိပ်မလိုအပ်ဘူး။ ဒါကြောင့် လိုအပ်တဲ့ လူတွေကိုပေးပြီး မလိုအပ်တဲ့ လူတွေကို လျှော့လိုက်ရင် ဖြစ်တယ်လို့တော့ ပြောနေတာပဲ" ဟု ဖြေကြားသည်။
TBC ၏ အလုပ်အမှုဆောင် ဒါရိုက်တာ မစ္စဆယ်လီ သွန်မဆင်ကတော့ ၎င်းတို့အနေဖြင့် အခက်အခဲ ရှိသည်မှာ မှန်ကန်သော်လည်း ဒုက္ခသည်များအား ဆက်လက်အကူအညီ ပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ပြောဆိုထားကြောင်းကိုလည်း တွေ့ရသည်။ ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည်များအတွက် ထောက်ပံ့ပေးထားသည့် ရိက္ခာများကို ထပ်မံဖြတ်တောက်မည့် အကြောင်း KIC (Karen Information Center) ၌ ဖော်ပြထားသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ကိုးခုကို အထောက်အပံ့ ပေးနေသည့် နိုင်ငံတကာ အလှူရှင်များမှ အထောက်အပံ့များ လျှော့ချမှုကြောင့် The Border Consortium (TBC) က စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုကို လျှော့ချရခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထိုသတင်းနှင့် ပတ်သက်၍ အုန်းဖျံဒုက္ခသည် စခန်းတွင်း နေထိုင်နေသော မစန်းစန်းမော်က "ကျွန်မတို့ကို ရိက္ခာထပ်လျှော့မယ်လို့ ပြောတယ်၊ အရင်ကဆိုရင် လူကြီးတစ်ယောက်ကို ဆန် ၁၅ ကီလို ပေးတယ်၊ ၂၀၁၂ နှစ်စကတည်းက ဆန် ၁၂ ကီလိုပဲ ပေးတော့တယ်၊ တကယ်တော့ မလုံလောက်ပါဘူး။ ကျွန်မတို့တွေက ထမင်းကိုပဲ အားပြုစားနေ ရတာပါ။ ကျွန်မတို့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် မရှိတော့ ၀င်ငွေမရှိဘူး။ ဒါကြောင့် ကန့်ထဲမှာ TBC ကပေးတဲ့ ရိက္ခာကိုပဲ အားပြုနေရတာ။ မလောက်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ တစ်ခါတလေ ကျွန်မတို့ အပြင်ထွက်ပြီး အလုပ်ခိုးလုပ်ကြတယ်။ ပြန်လာရင် မောမောနဲ့ ထမင်းပဲစားဖို့ ရှိတာလေ။ ထမင်းကတော့ တစ်ရက်ကို သုံးကြိမ်လောက် စားဖြစ်တယ်။ ကလေးတွေကိုလည်း သရေစာ မကျွေးနိုင်တော့ ထမင်းပဲ ကျွေးရတယ်။ မြန်မာပြည်ထဲကို ပြန်ဖို့ကျတော့ စိတ်မချရသေးဘူး။ ကျွန်မတို့က ခရစ်ယာန်တွေလေ။ အခုပြည်တွင်းမှာကလည်း ဘာသာရေးတွေ ဖြစ်နေတာဆိုတော့ ကျွန်မတို့ မပြန်ချင်ဘူး။ အခုလို ဆက်တိုက်ရိက္ခာတွေ လျှော့နေတာက အနုနည်းနဲ့ ကျွန်မတို့ကို နှင်နေတယ်လို့ ထင်ပါတယ်" ဟု ပြောကြားသည်။
TBC ၏ တာဝန်ရှိသူများက ရိက္ခာများကို လျှော့ချသည်မှာ မှန်သော်လည်း စခန်းများအတွင်းရှိ လူတို့အား ကြည့်ရှု၍ လိုတိုးပိုလျှော့ လုပ်မည်ဟု ပြောကြားထားကြောင်း သိရသည်။ နို့ဖိုးကန့်တွင် ရပ်ကွက်လူကြီးအဖြစ် ဆောင်ရွက်နေသူ တစ်ဦးက "camp တွေထဲကို TBC က လေ့လာတားတာ ရှိတယ်။ တချို့တွေအတွက် ရိက္ခာက အရမ်းလိုအပ်နေတာ မှန်ပေမယ့် တချို့တွေကတော့ သိပ်မလိုအပ်ဘူး။ ဒါကြောင့် လိုအပ်တဲ့ လူတွေကိုပေးပြီး မလိုအပ်တဲ့ လူတွေကို လျှော့လိုက်ရင် ဖြစ်တယ်လို့တော့ ပြောနေတာပဲ" ဟု ဖြေကြားသည်။
TBC ၏ အလုပ်အမှုဆောင် ဒါရိုက်တာ မစ္စဆယ်လီ သွန်မဆင်ကတော့ ၎င်းတို့အနေဖြင့် အခက်အခဲ ရှိသည်မှာ မှန်ကန်သော်လည်း ဒုက္ခသည်များအား ဆက်လက်အကူအညီ ပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ပြောဆိုထားကြောင်းကိုလည်း တွေ့ရသည်။
No comments :
Post a Comment