ကလေးမြို့နယ်ဒီမိုကရေစီအဖွဲ့ချုပ် (Z.D.C) နှင့်The INNOVATIVE တို့ပူးပေါင်း၍Political communication သင်တန်းပို့ချ
ကလေးမြို့နယ်တောင်ဇလပ် ဟိုတယ်တွင်မေလ ၂၇-၂၈နှစ် ရက်ကြာပို့ချသောPolitical
Communicationသင်တန်းကို ဦးဆောင်ကျင်းပသောThe INNOVATIVEမှသင်တန်းနည်း
ပြဆရာများ၊ဇိုးမီးဒီမိုကရေစီအဖွဲ့ ချုပ်မှတာဝန်ရှိသူများနှင့် အတူ
ဇိုမီးလူငယ်၊အထက်ချင်းတွင်း ဒေသလူငယ်များကွန်ယက်နှင့်
စိတ်ပါဝင်စားသူများတက်ရောက် ကြကြောင်းသိရသည်။သင်တန်း တွင်အဓိကအားဖြင့်
နိုင်ငံရေး အရပြည်သူလူထုနှင့် ဆက်သွယ် ခြင်းများအားသင်ကြားပြီး နိုင်ငံ
ရေးပါတီများအဖွဲ့အစည်းများ၊ မီဒီယာများနှင့်ကောင်းစွာဆက်
ဆံနိုင်ရန်၊မီဒီယာနှင့်ပတ်သက် သော သင်တန်းများအပြင်လွှတ်
တော်ကိုယ်စားလှယ်များ၏လူထု ဆက်သွယ်နည်းအချက်လက်များ၊
သင်တန်းအတွင်းလက်တွေ့အသုံး ချကာ အပြန်အလှန်ဆက်ဆံမှု
များပြုလုပ်ခဲ့ကြကြောင်းတက် ရောက်သူ လူငယ်တစ်ဦးမှပြော
သည်။(Z.C.D)မှပါတီဝင်တစ်ဦး က““ပါတီနိုင်ငံရေးလုပ်မယ့် သူ တွေ
အတွက်မရှိမဖြစ်လိုအပ်တဲ့ သင်တန်းဖြစ်ပါတယ်၊လူငယ်တွေ
အတွက်အရမ်းတန်ဖိုးရှိပါတယ်၊ အဓိကတော့ မီဒီယာနဲ့ဆက်ဆံ တဲ့
စနစ်တွေသတင်းထုတ်ပြန်တဲ့ နည်းစနစ်တွေပါတော့ ကောင်း
ပါတယ်၊ဒီသင်တန်းကိုတက်ရောက် နိုင်အောင်ဦးဆောင်ပေးတဲ့(Z.C.D)ပါတီဥက္ကဋ္ဌ
ပူးကျင့်ရှင်း ထန်နှင့် သင်တန်းဆရာတွေကို အရမ်းကျေးဇူးတင်ပါတယ်”” ဟု
ပြောကြားသွားပါသည်၊ယင်းသင် တန်းအား ကလေးမြို့နယ်တွင် သာမက
ချင်းပြည်နယ်တီးတိန် မြို့နယ်တွင်လည်း ကျင်းပခဲ့ ကြောင်းသိရှိရပါသည်။

Blogger Widgets
Back to Top
No comments :
Post a Comment