Blogger Widgets

Thursday, 10 September 2015

တိုကျို နဲ့ ယိုကိုဟားမားအပါအ၀င် ဂျပန်မှာ ဒေသခံလူဦးရေ ၇သိန်း နီးပါး ယာယီစခန်းတွေမှာ ရွှေ့ပြောင်းနေရ

DVB TV News's photo.

တိုကျို Shinagawaအပါအ၀င် ယိုကိုဟာမား ခရိုင် ဆိုင်တမခရိုင် တို့ မှာစက်တင်ဘာ ၉ ရက်နေ့ မိုး၇ွာသွန်းမှုများပြီး မြေပြိုမှုတွေဖြစ်ပွားခဲ့ကာ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တို့ က အိမ်ထောင်စု ၃သိန်းကျာ် လူဦးရေ ၇သိန်းနီးပါးကို လုံခြုံ ရာ ယာယီ ဒုက္ခသည်စခန်းတွေမှာ ရွှေ့ ပြောင်းနေထိုင်စေခဲ့ ပါတယ်။ မိုးရေကြီးမှုကြောင့် နေရာတချို့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ ပြီး လေယာဉ် ခရီးစဉ်တချို့နဲ့ ရထားလိုင်းတချို့ အပါအ၀င် သယ်ယူပို့ ဆောင်ရေးများလည်း ရပ်ဆိုင်းသွားခဲ့ ပါတယ်။ မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။ ဂျပန်ပင်လယ်ပြင်မှာ တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်မှုကြောင့် မိုးသည်းထန် ရွာသွန်းနေပြီး စက်တင်ဘာ ၁၀ရက်နေ့ ညနေပိုင်းအထိ ဆက်လက်မိုးရွာသွန်းဖွယ် ရှိနေတယ်လို့ မိုးလေ၀သ သတင်းတွေကဖော်ပြနေပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top