Blogger Widgets

Thursday, 10 September 2015

တတိယမြောက်မိတ်ဆက်မှုအနေနဲ့ Apple TV ကို မိတ်ဆက်

တတိယမြောက်မိတ်ဆက်မှုအနေနဲ့ Apple TV ကို မိတ်ဆက်ခဲ့ပါတယ်။ Apple TV မှာတော့ TV OS ကို အသုံးပြုထားပြီး အဆိုပါ TV OS ဟာ Mac OS ကို အခြေခံပြီးဖန်တီးထားတဲ့ OS တစ်မျိုးဖြစ်ပါတယ်။ TV OS မှာ အသုံးပြုနိုင်တဲ့ Applcation တွေကို Apple Developer တွေဖန်တီးနိုင်အောင် ပြုလုပ်ပေးလုပ်ပြီဖြစ်ပါတယ်။ Apple TV ကို အကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးထားတာကတော့ Touch Surface Remote ပဲဖြစ်ပါတယ်။ ၄င်း Touch Surface Remote နဲ့ ဂိမ်းတွေကို ဆော့ကစားနိုင်ပါတယ်။ Game တွေကိုတော့ Apple TV မှာပါတဲ့ App Store ကနေ ရယူနိုင်ပါတယ်။ နောက်ထပ် Apple TV ကို အကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးတဲ့ အဓိကကျတဲ့သူကတော့ Siri ပါပဲ။ ဒီနေရာမှာတော့ Siri က အရမ်းကို အသုံးဝင်လာခဲ့ပါတယ်။
မိမိကြည့်ရှုလိုတဲ့ ရုပ်ရှင်တွေကို Siri ကနေတစ်ဆင့် ခိုင်းစေဖွင့်နိုင်ပါတယ်။ နောက်ပြီးမိမိကြည့်ရှုလိုတဲ့ အပိုင်းတွေကိုပဲ Siri ကို ခိုင်းစေကာ အရှေ့သို့ ကျော်ခြင်း နဲ့ အနောက်သို့ ပြန်ရစ်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ Apple TV ကို HDMI Port ပါတဲ့ TV တွေနဲ့လည်း တွဲဖက် အသုံးပြနိုင်ပါတယ်။ Apple TV ရဲ့ အချက်အလက်တွေကတော့ 64 Bit A8 Chip , Bluetooth 4.0 , 802.11ac Wi-Fi With MIMO နဲ့ IR receiver တို့ဖြစ်ပါတယ်။ Apple TV ရဲ့ ဈေးနှုန်းကတော့ 32 GB ကို $149 နဲ့ ရောင်းချမှာဖြစ်ပြီး 64 GB ကိုတော့ $199 နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top