အငှားယာဉ်မောင်း လိုင်စင် (“င” လိုင်စင်) ကိုင်ဆောင်သော ယာဉ်မောင်းများကို ကြပ်ြ
ကပ် မတ်မတ် ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန များနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။
ယင်းကဲ့သို့ ညှိနှိုင်းရာ၌ “င လိုင်စင် ကိုင်ဆောင်ထားသော ယာဉ်မောင်းများကို
အရည်အချင်း ဆိုင်ရာ ပြန်လည် စစ်ဆေးမှုများ၊ လိုအပ်ပါက ပညာပေးသင်တန်း
ပို့ချမှုများ၊ လူတွေ့မေးမြန်း စစ်ဆေးမှုများ အစ ရှိသည့် ကို
ဆောင်ရွက်နိုင်ရန် အတွက် ရထားပို့ဆောင်ရေး ၀န်ကြီး ဌာနနှင့် ယာဉ်ထိန်း
ရဲတပ်ဖွဲ့ တို့ ညှိနှိုင်းနေကြခြင်း ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သေချာတာ ကတော့ အရင်ကထက် တင်းတင်းကျပ်ကျပ် လုပ်သွားဖို့ ရှိတယ်၊ နောက်ပြီး
အရင်လို ကိုယ်စားလှယ်သက်တမ်း တိုးခွင့် မပြုဖို့ အတွက်ပါ ညှိနှိုင်းနေတယ် ဟု
၎င်း ကပြောသည်။
လက်ရှိတွင် လိုင်စင်သက်တမ်း တိုးမြှင့်မှုကို ယာယီရပ်ဆိုင်းထားပြီး၊
ညှိနှိုင်းမှုအဖြေ ရရှိပြီးမှသာပြန်လည် သက်တမ်းတိုး ခွင့်ပြုသွားမည် ဖြစ်သည်။
ယာဉ်မောင်းဆိုသည်မှာ ခရီးသည်များစွာ၏ အသက်ကို ယာဉ်ပေါ်တင်၍ မောင်းနှင်
ကြရသူများ ဖြစ်သောကြောင့် ယင်းကဲ့သို့ တင်း
ကျပ် သွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။
အဲဒီလို ကြပ်ကြပ်မတ်မတ် လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ပိုသဘောကျတယ်။
ဒီလိုမှမဟုတ်ရင် ယာဉ်မောင်းတွေက ဘာမှ နားမလည် ဘဲ မောင်းနေကြသလို ဖြစ်တော့
ကိုယ်က မမှားလည်း သူတို့ကမှားရင် ကိုယ်ပါ ဒုက္ခရောက်နိုင်တယ် ဟု
ယာဉ်မောင်းသက် တမ်းနှစ် (၃၀)
ကျော်ရှိပြီး ဖြစ်သော အငှားယာဉ်မောင်း လိုင်စင်ကိုင် ဦးအောင်နိုင် က ပြော
သည်။
ထို့အပြင် ယာဉ်တိမ်းမှောက်မှုများ၊ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခဲ့သော
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တွင် အဆိုပါ အငှားယာဉ်မောင်းများကို
ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယာဉ်မောင်း လိုင်စင်သက်တမ်း
ကုန်ဆုံးနေသူများ၊ လုံးဝ မရှိသူများနှင့် အတုပြု လုပ်မောင်းနှင်
နေသူများကို စိစစ်တွေ့ ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနမှ သိရသည်။

No comments :
Post a Comment