Blogger Widgets

Sunday, 11 May 2014

အိုဘားမားရဲ့ သေဆုံးသွားသော မွတ်စလင်အဒေါ်ဖြစ်သူအား ကင်ညာတွင် မြှုပ်နှံ

အမေရိကန်သမ္မတအိုဘားမားရဲ့ အဒေါ်ဖြစ်သူ မွတ်စလင်အမျိုးသမီး ဇိုင်သွန်အိုယမ်ဂိုဟာ ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခဲ့ပြီး ကင်ညာနိုင်ငံကို သယ်ဆောင်ကာ ကီစူမူ စွန္နီမွတ်စလင်သုဿန်မှာ မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

သူမဟာ အိုဘားမား ဖခင်ရဲ့ အဖေတူအမကွဲ မောင်နှစ်မဖြစ်ပါတယ်။ သူမဟာ ၂၀၁၀ ခုနှစ်မှာ ကင်ညာနိုင်ငံကို ပြန်ပို့ရခံရမယ့်ပြဿနာနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိကန်မှာ ခိုလှုံခွင့်ရရှိခဲ့ပါတယ်။

အိုဘားမားက သူ့ရဲ့ “Dreams from My Father” စာအုပ်ထဲမှာ သူမကို “Auntie Zeituni”လို့ ရေးသားဖော်ပြခဲ့ပါတယ်။

အိုဘားမားဟာ မွတ်စလင်ကနေ ဘာသာမဲ့ဖြစ်သွားသူ ကင်ညာနိုင်ငံသား ဖခင်နဲ့ ဘာသာရေးကျင့်သုံးမှုမရှိတဲ့ အမေရိကန်လူဖြူ မိခင်တို့ကနေ ဟာဝိုင်အီကျွန်းမှာ မွေးဖွားခဲ့တာပါ။ အသက် ၆ နှစ်ကနေ ၁၀ နှစ်အကြားမှာ တော့ အင်ဒိုနီးရှားနိုင်ငံမှာ မိခင်ဖြစ်သူရယ်၊ အင်ဒိုမွတ်စလင် ပထွေးဖြစ်သူရယ်နဲ့ အတူနေခဲ့ဖူးပါတယ်။

အိုဘားမားက ကင်ညာက မွတ်စလင်ဆွေမျိုးတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြောခဲ့ဖူးတာရှိပါတယ်။

“အမေရိကန်အများစုက သူတို့မိသားစုမှာ မွတ်စလင်တွေ ရှိနေမယ်၊ ဒါမှမဟုတ်ရင် မွတ်စလင်အများစု နေထိုင်ရာ တိုင်းပြည်တွေမှာ ရှိနေမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ကျွန်တော်လဲ သူတို့ထဲက တစ်ယောက်အပါအ၀င်ပါပဲ” လို့ အိုဘားမားက ဆိုပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top