Blogger Widgets

Thursday 8 May 2014

ပည်ပဘဏ်များဝင်လာပါက အသင့်ဖြစ်ရန် ဘဏ်ခွဲ ၄၀၀ တိုးချဲ့မည်ဟု ကမ္ဘောဇဘဏ်အကြီးအကဲ ပြော

ပြည်ပဘဏ်များဝင်လာပါက အဆင်သင့်ဖြစ်စေရန် ယခု ၂၀၀၄ ခုနှစ်အတွင်း ကမ္ဘောဇဘဏ်ခွဲပေါင်း ၄၀၀ အထိ တိုးချဲ့သွားမည်ဟု လေကြောင်းလိုင်း၊ ဘဏ်လုပ်ငန်းနှင့် ကျောက်မျက်လုပ်ငန်းများစွာလုပ် ကိုင်နေသည့် ကမ္ဘောဇဘဏ်အကြီးအကဲ ဦးအောင်ကိုဝင်းက မဇ္စျိမကို ပြောသည်။
7m6
၎င်းက “အခုကျွန်တော်တို့ ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၂၅ ဘဏ်ရှိပါတယ်။ ၂၀၁၄ အတွင်းမှာတော့ မီနီ ဘဏ်ခွဲတွေအပါအ၀င် ဘဏ်ခွဲပေါင်း ၄၀၀ အထိ တိုးချဲ့ဖို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။
ကမ္ဘောဇဘဏ်အနေဖြင့် ယခုကဲ့သို့ နိုင်ငံအနှံ့အပြားတွင် ဘဏ်ခွဲများစွာ တိုးချဲ့ဖွင့်လှစ်နေခြင်းသည် ပြည် ပဘဏ်များ ၀င်ရောက်လာပါက ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေစေရန်ဖြစ်သည်ဟု ဦးအောင်ကို ၀င်းက ပြောသည်။
ကမ္ဘောဇကုမ္ပဏီလီမိတက်အုပ်စု၊ အကြီးတန်းစီမံခန့်ခွဲမှုဒါရိုက်တာ ဦးညိုမြင့်က “ကျွန်တော်တို့ကတော့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘဏ်သုံးတဲ့ဆော့ဝဲကို နိုင်ငံတကာသုံးနဲ့ ပြောင်းလဲအသုံးပြုလိုက်တယ်။ အချက်အလက်တွေအတွက် အရမ်းကောင်းတယ်။ ၀န်ထမ်းတွေရဲ့ အရည်အသွေးကို လေ့ကျင့်ပေးတယ်။ နိုင်ငံခြားမှာ ဘဏ်လုပ်ငန်းကျွမ်းကျင်တဲ့သူတွေကို ထပ်မံခန့်ထားဖို့ လုပ်နေပါတယ်”ဟု ဆိုသည်။
ပြည်ပဘဏ်များသည် ပြည်တွင်းဘဏ်များထက် အတွေ့အကြုံများပြားခြင်း၊ ငွေကြေးအင်အား ကောင်း မွန်ခြင်း စသည်တို့ကြောင့် ပြည်တွင်းဘဏ်များထက် များစွာသာလွန်သည်ဟု ၎င်းက ပြောသည်။ ၎င်းက “ဘာပဲပြောပြော သူတို့ အများကြီးသာတယ်။ အေတီအမ်စက်တွေဆိုလည်း သူတို့က သောင်းကျော်ရှိ တယ်။ သူတို့မှာ အတွေ့အကြုံအများကြီးရှိတယ်။ အဲဒီအချက်တွေက အရမ်းသာနေတဲ့အတွက်ကြောင့် ကြိုးစားရမယ်။ သူတို့ဝင်လာလို့ တန်းတူအခွင့်အရေး ပေးမယ်ဆိုရင် သူတို့ သာမှာပဲ။ သူတို့လာမှာ ကြောက်လို့ မပေါင်းပြန်ရင်လည်း ကျွန်တော်တို့ တိုးတက်မှု အရမ်းနှေးကွေးသွားမယ်။ ဒီနှစ်ခုကိုချိန်ဆပြီး လုပ်ဆောင်ရမှာပဲ”ဟု မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးစိုးမင်းက ပြည်ပဘဏ်များဖွင့်ခွင့်ပြုရာတွင် အဆင့်လေးဆင့်ဖြစ်သည့် ကိုယ်စားလှယ်ရုံးများ၊ Joint Venture၊ sub-sidiatory နှင့် ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြု ခြင်းဟူ၍ စီစဉ်ထားသည်ဟု မတ်လ ၁၉ ရက်က လွှတ်တော်တွင် ပြောခဲ့သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရန် နိုင်ငံတကာဘဏ်ပေါင်း ၃၅ ခန့်က စောင့် ဆိုင်းနေသည်။

No comments :

Post a Comment

Blogger Widgets
Back to Top