ကရင်ပြည်နယ် ၊ မြ၀တီမြို့မှ ပဲခူးတိုင်းဒေသကြီးညောင်လေးပင်သို့ပြေးဆွဲသော
အိုအေစစ်ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်အမှတ် .../.........သည် မြ၀တီမြို့မှ
ညောင်လေးပင်မြို့သို့ ထွက်ခွာလာရာ မြ၀တီ-ကော့ကရိတ်-ဘားအံ မိုင်တိုင်အမှတ်
၈၄/၄ အရောက်တွင် ကားမှ လေပေါင်ကုန်သဖြင့် အရှိန်မထိန်းနိုင်ဘဲ
ဂျောက်အတွင်းသို့ထိုးကျသွားခဲ့ပါသည်။ထိုသို့ထိုးကျသွားမှုကြောင့်
သတင်းရလျှင်ရခြင်း၊ မြ၀တီစေတနာနာရေးကူညီမှုအသင်း၊ သင်္ဃန်းညီနောင်နာရေးကူညီမှုအသင်း၊ ရွှေကုက္ကိုလ်နာရေးကူညီမှုအသင်း၊ ကော့ကရိတ်မြို့ကရုဏာနာရေးကူညီမှုအသင်းတို့မှ ကားကျရာနေရာသို့ သွားရောက်ကူညီကယ်တင်မှုများပြုလုပ်ပြီး လူနားများအား သယ်ဆောင်လာရာ ကနဦးအနေဖြင့် သေဆုံးသူ(၃)ဦး၊ လူနာ(၂၈)ဦးနှင့် ပြင်ပလူနာ(၁၀)ဦးတို့အားကော့ကရိတ်ဆေးရုံသို့ပို့ဆောင်ကယ်တင်နိုင်ခဲ့ပြီး ဒုတိယနေ့တွင် ကားအောက်မှ သေဆုံးသူ(၅)ဦးအား ထပ်မံရရှိခဲ့ပါသည်။သေဆုံးသူများမှာ အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၆)ဦးဖြစ်ကြပြီး သတင်းရလျှင် ရခြင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ လူမှုရေးဝန်ကြီးဦးချစ်လှိုင်၊ ပြည်နယ်ဆရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှရဲမှူးကြီး တို့မှလာရောက်ကြည့်ရှုအားပေးကြပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်း ဆယ်သိန်းကျပ်တိတိအားလှူဒါန်းသွားခဲ့ပါသည်။ထို့နောက် KNU/KNLA-PC (အထူး)ဗျူဟာမှူး ဗိုလ်မှူးကြီး Tiger မှဦးဆောင်တည်ထောင်လှူဒါန်းထားသော Big Tiger Foundation မှ ဆေးရုံတက်ရောက်သော လူနာတိုင်းအား လူနာတစ်ဦးလျှင် ဖျာတစ်ခြပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်၊ အချိုရည်တစ်ကဒ်၊ ရေသန့်တစ်ကဒ်စီတို့အား လာရောက်လှူဒါန်းသွားခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ဆက်လက်စုံစမ်းရာ ကားသမားမှာထွက်ပြေးလွှတ်မြောက်နေပြီး ကားသမားအား ဖမ်းဆီးရမိရေးအတွက် အပူတပြင်းစုံစမ်းလျှက်ရှိနေကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှတာဝန်ရှိဒုရဲအုပ်တစ်ဦးမှပြောကြားသွားခဲ့သည်။

No comments :
Post a Comment