Blogger Widgets

Sunday, 23 March 2014

မန္တလေး အိုးဘိုထောင် မီးလောင်

မန္တလေး အိုးဘိုအကျဉ်းထောင်

မန္တလေး အိုးဘို အကျဉ်းထောင်မှာ မတ်လ ၂၁ ရက်နေ့ညက လျှပ်စစ်ရှော့ဖြစ်ရာကနေ မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ကားတွေ ၀င်ရောက်ခွင့်မရရှိခဲ့ပါဘူး။
ကြက်ခြံလောင်ကျွမ်းခဲ့တာဖြစ်ပြီး မိန်းပလပ်ခုံမှာ ပလပ်ဝိုင်းထိုးကြလို့ ၀ါယာရှော့ဖြစ်ရာက စတင်လောင်ကျွမ်းခဲ့တာပါ။

အချိန်မှီ ငြိမ်းသတ်နိုင်တာဖြစ်လို့ ထောင်လန့်တာမျိုးမဖြစ်အောင် မီးသတ်ကားတွေကို ၀င်ခွင့်မပြုတာလို့ ဇုန်နယ်မြေမှူး ဦးလှမင်း မီးသတ်ဦးစီးဌာန က ပြောပါတယ်။
ည ၇ နာရီဝန်းကျင်ခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ထောင်အတွင်းက လူတွေနဲ့ဝိုင်း ငြိမ်းသတ်နိုင်ခဲ့လို့ ဆယ်ငါးမိနစ် အကြာမှာ မီးငြိမ်းသွားပါတယ်။
အဲ့ဒီလောင်ကျွမ်းမှုကြောင် ကြက်ခြံအမိုး ဆယ်ပေငါးပေ ခွဲလောင်ကျွမ်းသွားပြီး ၂၅၀၀ ကျပ်ဖိုး ဆုံးရှုံးသွားတယ်လို့ သူကပြောပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်တဲ့ မြို့နယ် ၃ မြို့နယ်က မီးသတ်ကား ၁၁ စီးခန့် အရင်ဆုံး ရောက်ရှိလာတာ ဖြစ်ပေမယ့် အကျဉ်းထောင်ဝရောက်မှ ၀င်ခွင့်မပေးလို့ နာရီဝက်နီးပါးခန့် စောင့်နေခဲ့ရပြီး ၀င်ခွင့်မရရှိခဲ့လို့ မီးသတ်ကားတွေ ပြန်လှည်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့အတွက် သက်ဆိုင်ရာဌာနတွေကနေ အမှုဖွင့်အရေးယူသွားမယ်လို့လည်း ပြောဆိုပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top