Blogger Widgets

Sunday, 30 March 2014

ဆူပူဆုံးမခဲ့သည့် ဦးလေးကို တူဖြစ်သူက ဓါးဖြင့်ထိုး၍ သေဆုံး

ရန်ကုန်၊ မတ် ၂၉

၂၈.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ
ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ လူတစ်ဦးသေဆုံးရောက်ရှိ လာကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
ကိုအောင်ထွေး၊ (၃၀)နှစ်၊ (ဘ)ဦးကျော်ဇံဖြူ ၊ (၉)ရပ်ကွက်၊ လှိုင်သာယာ
မြို့နယ်နေသူဖြစ်ပြီး ၀ဲဘက်ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထား
သည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၁၀၀ အချိန်ခန့်က သေဆုံးသူ ကိုအောင်ထွေးသည် တစ်ဝင်းတည်းအတူနေ တူဖြစ်သူ နိုင်လင်းထိန်၊ (၁၆)နှစ်၊(ဘ)ဦးမင်းမင်းဦး
မှာ သူငယ်ချင်းများနှင့်စကားများပြီး နေအိမ်သို့ပြန်လာသည်ကိုသိရှိရသဖြင့် ဆူပူကြိမ်းမောင်းခဲ့ကြောင်း၊ ထိုသို့ကြိမ်းမောင်းသည်ကို တူဖြစ်သူ
နိုင်လင်းထိန်မှ မကျေနပ်သဖြင့် ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့အပ်ကုသစဉ် ၂၃၁၅အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ နိုင်လင်းထိန်အား သောင်ကြီးနယ်မြေရဲစခန်း (ပ)၂၀၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top