Blogger Widgets

Sunday, 30 March 2014

"ဂရေဟမ် ၏ စီးရီးသစ် သင်္ကြန်အပြီးတွင် ထွက်မည်"

တေးသံရှင် ဂရေဟမ်ကို မတ် ၁၈ရက်နေ့မှာကျင်းပတဲ့ ပထမဆုံး Drum Solo Show ပွဲမှာ လာရောက် အားပေးတာ တွေ့ရပါတယ်။ အဆိုတော် မဖြစ်ခင် ကတည်းက ဒရမ် တီးခတ်ခဲ့သူ ဂရေဟမ်က ဒရမ် နဲ့ပတ်သက်လို့လည်း သူကိုယ်တိုင် Drum Clinic ပြုလုပ်ဖို့လည်း ရည်ရွယ်ဖူးတယ်လို့ သိရတာကြောင့်  “ကျွန်တော်ကိုယ်တိုင် လည်း ဒီလို Drum Clinic လုပ်ဖို့ စဉ်းစားဖူး တယ်။ သြစတြေးလျ ကပြန်လာကတည်းက စဉ်းစားတယ်။ ဒါပေမဲ့ အခွေ လုပ်တာနဲ့ အလုပ်များနေတော့ မလုပ်ဖြစ်ဘူး။ အခုလို ပထမ ဆုံး လုပ်ကြတာကို ဝမ်းသာတယ်။ ကျွန်တော့် အနေနဲ့လည်း လုပ်ချင် စိတ်ရှိတယ်။ အခြေအနေပေးတဲ့ အခါ လုပ်ဖြစ်မယ်” လို့ ဂရေဟမ် က ပြောပါတယ်။ ဒရမ်ကိုလည်း နှစ်သက်ပြီး Player တစ်ဦး လည်း ဖြစ်ဖူးတဲ့ ဂရေဟမ် က အခုနောက် ပိုင်းမှာ Player တွေ ကိုလည်းအရင်ထက် ပိုမိုစိတ်ဝင်စားလာကြတာ နဲ့ ပတ်သက် လို့လည်း  “ Player တွေကို ပိုစိတ်ဝင် စားလာတာကောင်းပါတယ်။ နိုင်ငံခြား မှာတော့ ဒီလို Drum Clinic၊ Guitar Clinic အမြဲရှိတယ်။ Workshop သဘောပေါ့။ ဝါသနာ ရှင်တွေလည်း မေးလို့မြန်း လို့ရတယ်။ အဲဒီလို မျိုးတွေ ရှိတယ်။ ဒီမှာဆိုလည်း ဟိုတလောက လုပ်တဲ့ Guitar Show ဆိုကောင်းတယ်။ အခုလို ဒရမ်နဲ့ ပတ်သက်ပြီး လည်း ကျယ် ကျယ်ပြန့်ပြန့် လုပ်ကြဖို့ကောင်း တယ်။ အဓိက ကတော့ စပွန်ဆာပေါ့။ ဒရမ် ကိုလည်း အဲဒီလို အကြီးအကျယ် လုပ်ဖြစ်မယ်ဆို ကောင်း တာပေါ့” လို့ ဂရေဟမ် ကပြောပါတယ်။  ဂရေဟမ်က လတ်တ လောမှာတော့ စီးရီးသစ် ကို စီစဉ်နေပြီး သင်္ကြန် အပြီးမှာ ထွက်ရှိမယ်လို့ သိရပါ တယ်။ ဒီနှစ်သင်္ကြန်ခွေ အနေ နဲ့တော့ ဂရေဟမ်က ပါဝင်ထားခြင်း မရှိဘဲ အရင်က ဂရေဟမ်တို့ သီဆိုခဲ့တဲ့ နှစ်သစ် မင်္ဂလာ စတဲ့စီးရီးတွေ ကတော့ အောင် မြင်တဲ့ စီးရီး တွေ ပဲဖြစ်ပါတယ်။ “ဒီနှစ် တော့သင်္ကြန် ခွေ မထွက် ဖြစ်ဘူး။ နှစ်သစ်မင်္ဂလာ ၁၊ ၂၊ ၃၊ ၄ မှာ သီချင်းက ကုန်သလောက် ဖြစ်သွားတော့ မထွက်ဖြစ်ဘူး။ သင်္ကြန်သီချင်း မှာတော့ သီချင်း အဟောင်း တွေကို ပိုပြီး လက်ခံ ကြတာ တွေ့ရတယ်” လို့ ပြောတဲ့ ဂရေဟမ် က သင်္ကြန် နဲ့ ပတ် သက်တဲ့ ဖီလင်ကိုလည်း ကြိုက်နှစ် သက်ပြီး သင်္ကြန် သီချင်းဆို ရတာကို လည်း ပျော်ရွှင်နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ်။  ဂရေဟမ်က မြန်မာပြည် ရဲ့ သင်္ကြန်နဲ့ ၄နှစ်တာ ဝေးကွာခဲ့ပြီး ဒီနှစ် သင်္ကြန်မှာတော့ ရန်ကုန် မြို့တော် ဝန် မဏ္ဍပ်မှာ သီချင်း ဆိုရင်း မြန်မာပြည် သင်္ကြန်ကို ဖြတ်သန်းမယ် လို့လည်း သိရပါ တယ်။

No comments :

Post a Comment

Blogger Widgets
Back to Top