မြန်မာ အမျိုးသမီးများ သွေး အားနည်းခြင်း
ကင်းဝေးပြီး ကျန်းမာ လှပသော အမျိုးသမီး အဖြစ် အနာဂတ်ကို
လျှောက်လှမ်းနိုင်ဖို့ ရည် ရွယ်ချက်ဖြင့် အားကစား ဝန်ကြီး ဌာနနှင့် Ferovit
မှ ကျင်းပပြု လုပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Walkathon
ပွဲကြီး ကို မတ်လ ၁၆ ရက်နေ့က အင်းယား ကန်ပေါင် ရှေ့(ပြည်လမ်း)မှာ
ပြုလုပ်ခဲ့ရာ ချစ် သုဝေ ကလည်း လှုံ့ဆော်ရေး အနေနဲ့ ပါဝင် အားပေးဆောင်ရွက်ခဲ့
ပါတယ်။
Ferovit နဲ့အတူ အမြဲလက်တွဲ လုပ်
ဆောင်လေ့ရှိတဲ့ ချစ်သုဝေက Walkathon လမ်း လျှောက်ပွဲမှာ အားပေးခဲ့ပုံတွေကို
“Ferovit” ရဲ့ ဆောင်ပုဒ် အတိုင်း သွေးအား နည်း ခြင်းရောဂါ ကင်းဝေးပြီး
ကျန်းမာကြံ့ ခိုင်တဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ပိုင်ဆိုင်ဖို့ အတွက်
ရည်ရွယ်ပြီး ဒီပွဲ လေးကို လုပ်တာ ပါ။ Ferovitက ကုန်ပစ္စည်းသစ် မိတ်ဆက်
တယ်ဆို တာထက် ကျန်းမာ ကြံ့ခိုင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့တွက် Health Education
တွေ နယ်တကာ လှည့်ပြီး လိုက်ပြော တာမျိုးရှိတယ်။ ပထမ ဆုံး Walkathon
ပွဲကြီးကို ကျင်းပတာမျိုးတွေ ဆိုတာ သူတို့ရဲ့ ရည်ရွယ်ချက်တွေက
တအားကောင်းတယ်။ အဲဒီနေ့ပွဲမှာ လူတွေက ၇ဝဝဝ၊ ၈ဝဝဝ လောက် ရှိမယ် ထင်တယ်။
မျှော်လင့် ထားတာထက် ပိုပြီး လူထုရဲ့စိတ်ဝင် စားမှုကို ရတယ်။ လူထုကလည်း
အားကျိုး မာန်တက်ပဲ။ အဲဒီနေ့က ဆိုရင် ပျော်စရာကောင်းတယ်။ ကလေး တွေက အစအသက်
၇၈နှစ်ဘွားဘွားတွေ အထိပါ တယ်။ ထရီဇာတောင် တအား အံ့သြသွားတယ်။ အင်းယား
ကန်ပေါင်ရှေ့ကနေ ပြည်သူ့ရင်ပြင် အထိ ဆိုတော့ ၅ ကီလိုမီတာတောင် ဝေးတယ်
ဆိုတော့ နည်းတဲ့ခရီး မဟုတ်ဘူး။ အဲဒီ အတွက်ကြောင့် မနက်အစောကြီးကို
စီစဉ်တယ်။ ရေနည်းနည်း နည်း တဲ့ နေရာပေါ့။ လမ်းမှာ ရေပေးဝေရေး ဌာနတွေ၊
ဓာတ်ဆားပေးဝေရေး ဌာန တွေလည်း ရှိတယ်။ ပန်းဝင်သွားတဲ့ ပြည်သူ့ရင်ပြင်
မှာဆိုရင် လာပြီး လမ်းလျှောက်ကြတဲ့ လူတွေအား လုံးကို တီရှပ် ၊ဦးထုပ်
အခမဲ့ပေးဝေသလို၊ အမျိုးသမီးထု ရဲ့သွေးအား နည်းရော ဂါ ရှိမရှိကိုလည်း
တစ်ထိုင်တည်း စစ်တော့ ကျန်းမာရေး စောင့်ရှောက်မှုလည်း ယူသလို ဖြစ်သလို၊
ပြည်သူတစ် ရပ်လုံး လာမလျှောက် တဲ့သူတွေကိုလည်း လှုံ့ဆော်မှု အနေနဲ့ဖြစ် တယ်။
မနက် ၅နာရီ မှာ ထရီဇာတို့ လူစုကြ တယ်။ သူတို့ပျော်အောင် ထရီဇာနဲ့ မမိုး
(တင်မိုးလွင်)က ပြောပေးကြတယ်။ မနက် ၆နာရီ အတိမှာ သေနတ် ပစ်ဖောက်ပြီး
တာထွက်တာ။ ဒါပေမဲ့ တအားတက် ကြွကြတယ်။ ဘယ် ပွဲဖြစ်ဖြစ် ရောက်ကြ တာချည်းပဲ။
ဒါပေမဲ့ ၅နာရီ ၃၅မိနစ် လောက်မှာ လူအုပ်ကြီးက တာထွက်တဲ့ နေရာကို
ကျော်နေကြပြီ။ အဲဒါကြောင့် ၅နာရီ ၃၅လောက် မှာတာလွှတ် လိုက်ရ တယ်။ ထရီဇာတို့က
ကားနဲ့ သွားပြီးတော့ တစ်နေရာ စီမှာ ရပ်ပြီး မိုက်နဲ့ ပရိသတ်ကို
လှုံ့ဆော်ပေးတယ်။ သူတို့ အားတက်အောင် လို့ပေါ့။ သူတို့ ကလည်း ထရီဇာ တို့ကို
တွေ့တော့ ပျော်တာပေါ့ ။လမ်းလျှောက်ရင်း နဲ့ ဓာတ်ပုံတွေ ရိုက်ကြ၊
လမ်းပြန်လျှောက်ကြပေါ့။ ထူးထူးခြား ခြားဆိုရင် အသက် ၇ဝကျော် ဘွားဘွားတွေ
ကို Ferovit အလံတွေ လွှင့်ထူပြီး စင်ပေါ်မှာ ဂုဏ်ပြု မှတ်တမ်း တင်ခဲ့တယ်။
အဲဒီနေ့လေးက တော်တော် လေးပျော်စရာ ကောင်းပြီး မင်္ဂလာ ရှိတဲ့နေ့လေး ပါပဲ”လို့
ပြောပါတယ်။
ချစ်သုဝေ က အဲဒီနေ့မှာ အလက်ဂျစ်တွေ
ဖြစ်ပြီး နေမကောင်း ဖြစ်နေ ပေမယ့်လည်း နေမကောင်း ဖြစ်တာတောင် မေ့ပြီး တအား
ပျော်ရွှင်တဲ့နေ့လေး ဖြစ် ခဲ့ကြောင်း ပြော ပါ တယ်။

No comments :
Post a Comment