Blogger Widgets

Wednesday, 12 March 2014

ရင်သွေးယူဖို့ နီးလာတဲ့ အနဂ္ဂဇနီး သံသာဝင်း

အနဂ္ဂ နဲ့ သံသာဝင်း တို့ရဲ့ အိမ်ထောင် သက်တမ်းက တစ်နှစ်ကျော် ကာလထဲကို ရောက်ရှိလာခဲ့ ပြီဖြစ်ပါတယ်။ ချစ်သူ ဘဝထက် စာရင်တော့ အိမ်ထောင်သည် ဘဝ ကတော့ ခင်ပွန်းဖြစ်သူ အပေါ်မှာ ဇနီးတစ်ယောက် အနေနဲ့ တာဝန် သိရတာ မျိုးတွေတော့ ပိုလာတယ်လို့ သံသာဝင်း ကပြောပါတယ်။ အိမ်ထောင်သက် ၁နှစ်ကျော် ကာလ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အိမ်ရဲ့ ဆည်းလည်းလေးလို့ တင်စားခေါ်ဝေါ် ကြတဲ့ ရင်သွေးကိစ္စ ကိုလည်း ပရိသတ်တွေက သိချင်ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် လည်း ရင်သွေးလေး ယူတော့မလားလို့ သံသာဝင်း ကိုမေးတော့ “ဒီလို အချိန်ရောက်လာတဲ့ အခါ မှာ တော်တော် များများက မေးကြပါတယ်။ ကလေး မယူသေးဘူး လားပေါ့။ အစ်မတို့ အနေ နဲ့ မင်္ဂလာဆောင် ပြီးပြီးချင်းတော့ တန်းပြီးကလေး ယူမယ်လို့ နှစ်ယောက်စလုံး မစဉ်းစားထားကြသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ လုပ်စ ရာလေးတွေ ကျန်သေးလို့လေ။ ကိုအနဂ္ဂက ကလေး တအားချစ်တော့ တစ်ချိန် လုံး ပြောတယ်။ အစ်မလည်း စဉ်းစားပါတယ်။ ယူတော့ ယူဖြစ်တော့မယ်။ သိပ်တော့ မဝေးတော့ဘူး။ ဘယ်တော့ ဆိုတာမျိုး ပုံသေ ကားချပ်ကြီးနဲ့တော့ ကြိုပြီးမပြောဘူး” လို့ ပြောပါတယ်။

အိမ်ထောင် သက်တမ်း ၁နှစ်ကျော် အတွင်းမှာ အိမ်ထောင်တစ်ခု ရေရှည် တည်တံ့နိုင်ဖို့ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာမိနေပြီ လဲလို့ မေးတော့ “အိမ်ထောင် တစ်ခု ရပ်တည်ဖို့ဆိုတာ အကုန်လုံး ပါပါတယ်။ ယောက်ျားကလည်း ယောက်ျား အလျောက် တာဝန်ယူရတဲ့အပိုင်း၊ မိန်းမကလည်း မိန်းမ အလျောက် တာဝန် ယူရတဲ့ အပိုင်းက တအား အရေးကြီးပါတယ်။ ပြီးတော့ တစ်ယောက် နဲ့တစ်ယောက် ညှိနှိုင်းမှု အပိုင်းကလည်း အရေးကြီး ပါတယ်။ အဓိကကတော့ သား၊ သမီးတွေ ရှိလာပြီဆိုရင် တည်မြဲဖို့က ပိုအရေးကြီးတယ်။ သားသမီး ရှိလည်း အိမ်ထောင်ကွဲ သွားတယ် ဆိုတာမျိုးက ကိုယ့်နှစ်ယောက်တည်း ဆိုရင် သိပ်မသိ သာပေမယ့် သားသမီး နဲ့ ကျရင် ကလေးတွေကို အများကြီး effect ရှိတယ်။ အိမ်ထောင်ကွဲသား သမီး တွေဆိုရင် သူတို့တွေမှာ ငယ်ငယ်ကတည်း ကအားငယ်တဲ့ စိတ်တွေ ရှိတယ်။ သားသမီး ရှိလာရင်တော့ ကိုယ့်စိတ် တစ်ခုတည်း နဲ့မရတော့ဘူး။ သားသမီး စိတ်နဲ့ပဲလုပ် မှရမယ်။ တစ်ယောက် နဲ့တစ်ယောက် က နားလည် မှုရော၊ ညှိနှိုင်းမှုရော လိုတယ်။ နောက်ပြီး အရှိကို အရှိတိုင်းလည်း မြင်ဖို့လိုတယ်။ ကိုယ့်အိမ်ထောင် က ဘယ်ဘက်ကို ဦးတည်နေပြီလဲ ဆို တာမျိုး ပေါ့။ ကိုယ်လိုအပ် တာ တွေလည်း အများကြီး ရှိနိုင်သလို သူလိုအပ်ရင်လည်း ကိုယ် ကနားလည်အောင် ပြောပြတတ်ရမယ်။ တစ်ယောက် နဲ့တစ်ယောက် ပွင့်လင်းဖို့ တော့ လိုတယ်။ သူ့စိတ်၊ ကိုယ့်စိတ် သိဖို့ ကနားလည်မှု ထက်ပိုပြီးမြင့်သွားတယ်” လို့ပြောပြပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top