Blogger Widgets

Wednesday, 12 June 2013

ဆီတစ်ဂါလံ မိုင် ၁၃၀၀ပြေးမည့် Ultra-Light Car

Tuesday, June 11, 2013

အမေရိကန်ပြည်ထောင်စု၊ ယူတားပြည်နယ်က အင်ဂျင်နီယာကျောင်း
တစ်ခုမှ ကျောင်းသားများ ကြိုးစားဖန်တီးထားတဲ့ကား ဖြစ်ပါတယ်။
...
တကယ်ပဲ ဆီတစ်ဂါလံကိုမိုင် ၁၃၀၀ ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။ ဆီတိုင်ကီမှာ ၂၀ ဂရမ်စာပဲထည့်ထားပြီး ၁၀မိုင်စာ ခရီးကို သွားနိုင်ပါတယ်။ အင်ဂျင်က အတော်သေးတဲ့ အင်ဂျင်ဖြစ်ပြီး အင်မတန်လည်း ပေါ့ပါတယ်။ ဒါကြောင့် Ultra-Light Car အမည်ကို ရတာပါ။ ကားတစ်စီးလုံးပေါင်းမှ ၉၉ ပေါင်ပဲ ရှိပါတယ်။

ယူတားပြည်နယ်ကနေ မစ်ချီဂန်းပြည်နယ်သို့စမ်းသပ် မောင်းနှင်မှုလည်း
အောင်မြင်ထားပါတယ်။ ဒါကြောင့် လာမယ့်နှစ် SAE ဆီခြွေတာ ကားမောင်းပြိုင်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်ပဲ စီးနိုင် ပါသေးတယ်။ မောင်းနှင်နိုင်အားက တစ်နာရီ ၁၅ပဲ ရှိပါသေးတယ်။ သို့ပေမယ့် ဆီတစ်ဂါလံကို မိုင် ၁၃၀၀ မောင်းနှင်နိုင်မှုအတွက်ကတော့ ကမ္ဘာက ချီးကျူး အံ့သြလျက် ရှိကြောင်း သိရပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top