Blogger Widgets

Wednesday 29 May 2013

မလေးရှားတွင် မြန်မာနိုင်ငံသား (၃) ဦးကို သတ်သွားသည့် တရားခံ ၁၂ ဦးအား ရဲမှ လိုက်လံ ဖမ်းဆီးနေ

ကွာလာနီလန်း၊ တန်ဂျန် ပီရင်း၊ ဘူကစ် စီပါးရှိ မြန်မာနိုင်ငံသား ၃ ဦးအား သတ်သွားသော အမှုတွင် ပါဝင်ပတ်သက်နေသော နိုင်ငံခြားသား ၁၂ ဦးကို ကဒါတ် ရဲစခန်းမှ ရဲအရာရှိများက လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း အလော် စတားမှ လာသည့်သတင်းအရ သိရှိရသည်။ လူသတ်မှု ဖြစ်ပွားခဲ့သော အခင်း ဖြစ်ပွားရာ နေရာအနီးတွင် အဆိုပါ လူများ ရှိနိုင် သေးသည်ဟု ကဒါတ် မှုခင်းစုံစမ်းစစ်ဆေးရေး အရာရှိ ဇာကာရီယာ အာမက်က ပြောကြား ခဲ့သည်။ လတ်တလော ရရှိထားတဲ့ သတင်း များအရ အဆိုပါ လူသတ်တရားခံများသည် ဘူကစ် စီပါး အနီးတစ်ဝိုက်ရှိ သစ်တောများ ထဲတွင် ပုန်းခိုနေဖွယ်ရာ ရှိသည်ဟုဆိုသည်။ ရဲမှ ၎င်းတို့အား လက်ပူးလက်ကြပ်မိနိုင်ရန် အပူ တပြင်း ကြိုးပမ်းနေကြကြောင်း သတင်းစာ ရှင်း လင်းပွဲတွင် သတင်းထောက်များအား ပြောကြား သွားခဲ့သည်။ အသတ်ခံရသူများ၏ အလောင်းများကို ဘူကစ်စီပါးအနီးရှိ သစ်တောထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အသက်မသေဘဲ ကျန်ရှိသူ တစ်ဦးသာ ထွက်ပြေးလွတ်မြောက်ကာ ရဲစခန်းသို့ ရောက်ရှိ လာနိုင်ခဲ့ခြင်း ဖြစ်သည်။
လူသတ်မှု ကျူးလွန်ခဲ့သူများသည် ဓါးရှည်များ အသုံးပြုကာ ပြစ်မှုကျူးလွန်ခဲ့ကြပုံ ရပြီး အခင်းဖြစ်ပွားရာအနီးတွင် ဓါးရှည်တစ်လက် ကိုသာ တွေ့ရှိရပြီး အခြားသဲလွန်စများကိုလည်း ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သိရှိရ သည်။ အသက်မသေဘဲ ထွက်ပြေးလွတ် မြောက်လာသူ တစ်ဦးကို ကွာလာနီရန်း ဆေးရုံ တွင် ဆေးကုသ ပေးလျက်ရှိကြောင်း ဇာကာရီ ယာက ပြောကြားခဲ့သည်။ အသတ်ခံခဲ့ရသူ (၃) ဦးမှာ မြန်မာနိုင်ငံ သားများ ဖြစ်ကြပြီး ရခိုင်ပြည်နယ်မှ မလေးရှားသို့ ရာဘာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြ သော မောင်ခိုင်သောင်း (၃၈) နှစ်၊ လင်းတင်မောင် (၂၁) နှစ်၊ မောင်သန်းရွှေ (၁၆) နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top