Blogger Widgets

Friday, 21 June 2013

Mitsubishi ဘဏ်ကို အမေရိကန် ဒဏ်ငွေရိုက်

မြန်မာနိုင်ငံအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ် ​ထားခဲ့တဲ့အချိန်တုန်းက ​ဂျပန် ​ဘဏ်လုပ်ငန်း ​တခုဖြစ်တဲ့ ​Bank ​of ​Tokyo ​Mitsubishi ​– ​UFJ ​က ​ငွေလွဲပြောင်းပေးမှုတွေ ​လုပ်ပေးခဲ့တဲ့အတွက် ​အမေရိကန်နိုင်ငံက ​Mitsubishi ​ဘဏ်ကို ​ဒေါ်လာသန်း ​နှစ်ရာ့ငါးဆယ် ​ဒဏ်ငွေရိုက်လိုက် ​တယ်လို့ ​သိရပါတယ်။
အမေရိကန်နိုင်ငံ ​New ​York ​မြို့မှာရှိတဲ့ ​Mitsubishi ​ဘဏ်ခွဲဟာ ​ဒဏ်ခတ်ပိတ်ဆို့မှု ​ဥပဒေတွေကို ​ချိုးဖေါက်ခဲ့ပြီး ​မြန်မာနိုင်ငံ၊ ​ဆူဒန်နိုင်ငံနဲ့ ​အီရန်နိုင်ငံတွေဆီကို ​ငွေလွဲပေးမှုတွေပြုလုပ်ပေးခဲ့တယ်လို့ ​New ​York ​အုပ်ချုပ်ရေးမှူး ​Andrew ​Cuomo ​ကပြောပါတယ်။
ပြီးခဲ့တဲ့ ​၂၀၀၂ ​ခုနှစ်နဲ့ ​၂၀၀၇ ​ခုနှစ်တွေမှာ ​Mitsubishi ​ဘဏ်ဟာ ​နိုင်ငံတကာ ​ဒဏ်ခတ်ပိတ် ​ဆို့မှုချမှတ်ခံထားရတဲ့ ​အစိုးရတွေနဲ့ ​ပုဂ္ဂကလိကလုပ်ငန်းတွေဆီကို ​New ​York ​မြို့ကနေတဆင့် ​ဒေါ်လာငွေ ​သန်းထောင်ပေါင်းများစွာ ​လွဲပေးခဲ့တယ်လို့ ​ဆိုပါတယ်။
Mitsubishi ​ဘဏ်ကလည်း ​ဒဏ်ငွေပေးဆောင်ဖို့အတွက် ​သဘောတူခဲ့တယ် ​လို့သိရပါတယ်။ ​ပြီးတော့ ​Mitsubishi ​ဘဏ်အနေနဲ့ ​နောက်နှောင် ​အခုလိုမျိုး ​ဥပဒေ ​ချိုးဖေါက်မှုမျိုးမဖြစ်ဖို့အတွက် ​ဘဏ်တွေရဲ့လိုက်နာရမယ့် ​လုပ်ထုံးလုပ်နည်းတွေကို ​ပိုမိုလိုက်နာသွားမယ်လို့လည်း ​ပြန်လည်တုံ့ပြန် ​ခဲ့ကြောင်း ​သိရပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top