Blogger Widgets

Friday, 7 June 2013

ထားဝယ်မြို့တွင် ILO မှ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု စီမံကိန်း အစီအစဉ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု စီမံကိန်း အစီအစဉ် (Awareness Raising Workshop) အခမ်းအနားအား ဇွန် ၄ ရက် မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာ (၂) မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်သွယ်ရေး အရာရှိရုံး (ရန်ကုန်) မှ စီစဉ်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေ တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်သွယ်ရေး အရာရှိရုံး (ရန်ကုန်) မှ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ မစ္စတာ ရော့စ်ဝီလ်ဆင်နှင့် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု စီမံကိန်း အစီအစဉ်၏ Project Assistant ဖြစ်သူ ကိုမိုးမင်းသော်တို့က အလုပ်သမား အဖွဲ့ အစည်း ဖွဲ့စည်းရန်အတွက် လိုအပ်သော နည်းဥပဒေများနှင့် အလုပ်သမားတို့ ရရှိနိုင်သည့် ခံစားခွင့်များကို တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
အလုပ်သမား အဖွဲ့အစည်းများ မရှိသဖြင့် ဒေသတွင်း လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြား ကုမ္ပဏီများ၏ လုပ်ငန်းခွင်တွင် ဒေသခံ အလုပ်သမားများ ခေါင်းပုံဖြတ်ခြင်း ခံနေရပြီး . . . . .

နည်းပညာဆိုင်ရာ အကြံပေးအရာရှိ မစ္စတာ ရော့စ်ဝီလ်ဆင်က မြန်မာနိုင်ငံတွင် မြစ်၊ ချောင်း၊ လယ်ယာမြေနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ အများကြီး ရှိသော်လည်း ဒေသတွင်း နိုင်ငံတွေထဲတွင် ဆင်းရဲတဲ့နိုင်ငံ တစ်ခုဖြစ်နေကြောင်း၊ အကြောင်းမှာ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် စံချိန်မမီသော ကုန်ပစ္စည်းများသာ ထုတ်လုပ်နေခြင်းနှင့် အလုပ်ရှင်နှင့် အလုပ်သမားအကြား ပြဿနာရပ်များကြောင့် ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ ILO မှ အလုပ်သမား၏ အခွင့်အရေးအတွက် ကာကွယ်ထားသော ဥပဒေများကို အလုပ်ရှင်တွေ အနေဖြင့် မလိုက်နာမှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း၊ ယခုဆိုလျှင် ထားဝယ်ဒေသတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာတော့မည် ဖြစ်သောကြောင့် အလုပ်သမား အဖွဲ့အစည်းများ ရှိနေခြင်းက အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ထားဝယ်ဒေသတွင် အလုပ်သမား အဖွဲ့အစည်းများ မရှိသဖြင့် ဒေသတွင်း လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြား ကုမ္ပဏီများ၏ လုပ်ငန်းခွင်တွင် ဒေသခံ အလုပ်သမားများ ခေါင်းပုံဖြတ်ခြင်း ခံနေရပြီး၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းပြီးပါက အလုပ်သမားများ၏ ရပိုင်ခွင့်များကို တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း တက်ရောက်လာသည့် အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top