Blogger Widgets

Saturday 29 June 2013

Head Phone တွေဖန်တီးဦးမယ့် PSY

Head Phone တွေဖန်တီးဦးမယ့် PSYလတ်တလော နိုင်ငံတကာကို ခြေဆန့်ပြီး အောင်ပွဲတွေ ဆက်နေတဲ့ တောင်ကိုရီးယား အဆိုတော် (PSY) Un SEOUL Electronic နဲ့လက်တွဲပြီး လာမယ့် နှစ်မှာ Head Phone နဲ့ Speaker တွေ ထုတ်ဦး မှာဖြစ်ပါတယ်။ PSY ဟာ ဂန်းနား စတိုင်အကနဲ့ You Tube ကတစ်ဆင့် ကမ္ဘာ ကျော်ခဲ့ပြီး သူ့ရဲ့ကကွက်များနဲ့ ကနိုင်တဲ့ စက်ရုပ်များ ကိုတောင် သိပ္ပံပညာ ရှင်များ ကတီထွင်ပြီး ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်ခဲ့ ကြတဲ့ အထိ လူအများ အပေါ် လွှမ်းမိုးနိုင် ခဲ့တဲ့ သူ့ရဲ့စိတ် ကူးစိတ်သန်းနဲ့ အောင်မြင်မှုကို SEOUL Electronic က ကောင်းစွာ အသုံးချတဲ့ အနေနဲ့ PSY ရဲ့ ကိုယ်ပို င်ဒီဇိုင်းနဲ့ လျှပ်စစ် ထုတ်ကုန် သစ်များ ထုတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ PSY ဖန်တီးမယ့် ဒီဇိုင်း တွေဟာ ဂီတချစ်သူ တွေကို မငြင်း သာလော က်အောင် ဆွဲဆောင်နိုင် မယ်လို့ SEOUL Electronic ကမျှော်လင့် ထားပါတယ်။ SEOUL ဟာသူ့ရဲ့ Brand များ ကို နိုင်ငံတကာက စိတ်ဝင် စားဖို့နိုင်ငံ တကာက နယ်ပယ်စုံက ထူးချွန်ကျော်ကြား သူတွေကို သံတမန်အနေနဲ့ ခန့်အပ်ခြင်း၊ လက်တွဲ လုပ်ကိုင်ခြင်းများ ပြုလုပ်လျက် ရှိပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top