၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ် အတွင်းသာ
ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် ချင်းအမျိုးသားပါတီ အနေဖြင့်
တစ်နိုင်ငံလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီအဖြစ် ရွေးကောက်ပွဲ
ကော်မရှင်သို့ ပြန်လည်ပြင်ဆင် တင်ပြသွားမည်ဟု ချင်းအမျိုးသားပါတီ
အတွင်းရေးမှူး ကိုငယ်ပီးက ပြောကြားသည်။
ချင်းအမျိုးသားပါတီသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက ချင်းပြည်နယ်
အတွင်းသာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ပါတီဝင်အင်အားကို
အနည်းဆုံးဦးရေ ၅၀၀ နှုန်းသာ တင်ပြခဲ့ရပြီး ယခု တစ်နိုင်ငံလုံး
ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အနည်းဆုံး ပါတီဝင် ဦးရေ ၁၀၀၀
တင်ပြရမည် ဖြစ်ကြောင်း သိရသည်။
''ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ တစ်နိုင်ငံလုံး ၀င်ပြိုင်မယ်ဆိုရင်
အနည်းဆုံး ပါတီဝင်အင်အား ၁၀၀၀ တင်ပြရမယ်။ ကျွန်တော်တို့မှာက လုံလောက်တဲ့
အရေအတွက် ရှိပြီးသားပါ။ သိန်းဂဏန်းအထိ ရှိပါတယ်။ ဇူလိုင်လအတွင်း
ကော်မရှင်ကို သွားတင်ပြမယ်'' ဟု ကိုငယ်ပီးက ပြောကြားသည်။
လက်ရှိတွင် ချင်းအမျိုးသား ပါတီအနေဖြင့် ပြည်နယ်တွင်းသာ
ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသောကြောင့် အခြားဒေသများတွင်
ရုံးခွဲများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ တစ်နိုင်ငံလုံး ယှဉ်ပြိုင်ရန်
ကော်မရှင်၏ ခွင့်ပြုချက် ရပြီးပါက ချင်းလူမျိုး အများစုရှိသည့်
ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည့် ဒေသများတွင်
ရုံးခွဲများ ဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ချင်းအမျိုးသား ပါတီအနေဖြင့် ပြည်နယ်တွင်းသာ ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသောကြောင့် အခြားဒေသများတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ တစ်နိုင်ငံလုံး ယှဉ်ပြိုင်ရန် ကော်မရှင်၏ ခွင့်ပြုချက် ရပြီးပါက ချင်းလူမျိုး အများစုရှိသည့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည့် ဒေသများတွင် ရုံးခွဲများ ဖွင့်သွားမည်ဖြစ်... |
''လောလောဆယ်တော့ ကော်မရှင် ခွင့်ပြုချက်ရပြီးတာနဲ့ ရခိုင်ပြည်နယ်က
မြို့နယ်ငါးခုမှာ ရုံးခွဲတွေ ဖွင့်ဖို့ရှိတယ်'' ဟု ကိုငယ်ပီးက ဆိုသည်။
လက်ရှိတွင် ချင်းပြည်နယ် ကိုယ်စားပြုပါတီ ငါးပါတီရှိပြီး အဆိုပါ
ပါတီများထဲမှ ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့မှာ
ပူးပေါင်းရန် လက်မှတ်ထိုး သဘောတူ ထားသော်လည်း ချင်းတိုးတက်ရေး ပါတီဘက်မှ
ပူးပေါင်းရေး ကော်မတီဝင် လေးဦးနုတ်ထွက်သွား၍ တရားဝင် ပူးပေါင်းရေး
ကြန့်ကြာနေသည်။
သို့သော် ချင်းတိုးတက်ရေး ပါတီနှင့် ပူးပေါင်းမှု အဆင်ပြေသည် ဖြစ်စေ၊
မပြေသည်ဖြစ်စေ လာမည့်ရွေးကောက်ပွဲတွင် ချင်းအမျိုးသား ပါတီအနေနှင့်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဟု ကိုငယ်ပီးက
ပြောကြားသည်။
ချင်းအမျိုးသားပါတီ၌ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် လေးဦးရှိနေပြီး
ချင်းတိုးတက်ရေး ပါတီတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်
ငါးဦးရှိကြောင်း သိရသည်။
လက်ရှိတွင် ချင်းပြည်နယ်၌ လူဦးရေ ငါးသိန်းခွဲခန့်ရှိပြီး
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ချင်းလူမျိုး
ငါးသိန်းခန့် ရှိနေသည်။ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင်လည်း
ချင်းလူမျိုး တစ်သိန်းကျော် ရှိကြောင်း သိရသည်။

No comments :
Post a Comment