ရေအောက်ဟိုတယ် ဆောက်မယ် မော်လ်ဒိုက်ဗ်ကျွန်းက ကမ္ဘာ့အကြီးဆုံး
ရေအောက်ဟိုတယ် ဖြစ်လာမဲ့ ဒီဇိုင်းပုံတူဖြစ်ပါတယ်။ ရွေ့လျားနိုင်တဲ့ အခန်း၁၂
ခန်းပါတဲ့ ဟိုတယ်ကို ရဟတ်ယဉ်နဲ့သွားရမယ်လို့ ဆိုပါတယ်။ လူတွေကတော့
ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲကလို အဆောက်အဦးမျိုးလို့ ပြောနေပါတယ်။
ပြင်ဆင်ဖို့ လိုအပ်လာရင် ရေပေါ်ကို ရွှေ့ပြီး ပြင်ရမှာမို့ အခန်းအလိုက်
ရွှေ့နိုင်အောင် ဒီဇိုင်းရေးဆွဲနေတယ်လို့ ဆိုပါတယ်။ ပိုလန်သား
ဒီဇိုင်းပညာရှင်က ရေးဆွဲနေတာ ဖြစ်ပြီး ဒေါ်လာ သန်း ၅၀ ကုန်မယ်လို့ ဆိုပါတယ်။

No comments :
Post a Comment