Blogger Widgets

Sunday, 16 June 2013

မြန်မာမွတ်စ်လင်မ်နှင့်ပတ်သက်သည့်သံသယ မေးခွန်း များ ကို ကြို ဆို ကြောင်း ဆရာဦးအေးလွင် ပြော။

(ပိာန်းအောင်)မြန်မာမွတ်စ်လင်များနှင့် ပတ်သက်၍ သော်လည်းကောင်း အစ္စလာမ် သာသနာတော်နှင့် ပတ်သက်၍သော်လည်းကောင်း သံသယများရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်း နိုင်ကြောင်းနှင့် မေးမြန်းသည့် မီဒီယာများအား ကြိုဆိုပါကြောင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် ကပြုလုပ်သည့် သံသယများ၊ အကြမ်းဖက်မှုများ နှင့်စပ် လျှဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် သဘာပတိ ဆရာဦးအေးလွင်က ပြောသည်။
“ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ ရှိတဲ့အတိုင်း ကျမ်းကိုး ကျမ်းကားနဲ့ တင်ပြပါ့မယ်။ မီဒီယာတွေက ပြန်လည်တင်ပြရင်လည်း သစ္စာတရားကို ရင်ဝယ် ပိုက်ထားပါ။ စာပေ သစ္စာလည်း ရှိဖို့လိုတယ်။ နိုင်ငံနဲ့ လူမျိုးအပေါ်မှာလည်း သစ္စာရှိလိုပါတယ်”ပာု ဆရာဦးအေးလွင်က အထက်ပါ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ထပ်လောင်း ပြောကြားသည်။
မီဒီယာဆိုတာ စေတနာမှန်ဖို့ လိုတယ်။ စာပေသစ္စာစောင့်စည်းဖို့ လိုတယ်။ မပြောတဲ့ စကားကိုပြော သယောင်ယောင် ပြောသွားတာပာာ မီဒီယာလောက အတွက် ဂုဏ်သိက္ခာ ကျဆင်းစေဖို့ဖြစ်တဲ့ ကိစ္စတစ်ခုပါ ပာု Eleven Media မှ ၁၃-၆-၂၀၁၃ ထုတ် နေ့စဉ် သတင်းစာပါ သတင်းလုပ်ကြံမှု အပေါ်၎င်း၏ အမြင်ကို မြန်မာမွတ်စ်လင်မီဒီယာ သို့ပြောသည်။
ထို့အပြင် မီဒီယာဆိုသည်မှာ အငြင်းပွားမှုနှင့် အထင်အမြင် လွဲမှုများကို ဖြေရှင်းရန် ဖြစ်ကြောင်း သတင်း အချက်အလက်များသည် နိုင်ငံကို ကိုင်လှုပ် နိုင်ကြောင်းလည်း ဆရာဦးအေးလွင်က ထပ်လောင်းပြောကြားသည်။
သံသယတွေ ပိုပြီးဖြစ်စေနိင်တဲ့ လုပ်ရပ်မျိုးကတော့ မြန်မာ့မီဒီယာလောကနဲ့ စတုတ္ထမဏ္ဏိုင် အတွက် အင်မတန် ရှက်ဖွယ်ရာ ကိစ္စဖြစ်မယ် ပာုလည်း အစ္စလာမ် သာသနာ့ ပညာရှင် တစ်ဦးဖြစ်သည့် ဆရာဦးအေးလွင်က ဆက်လက်ပြောကြားသွားသည်။
ထို့အပြင် သတင်းလုပ်ကြံဖေါ်ပြမှုနှင့် ပတ်သက်၍ အဆိုပါ သတင်းဖေါ်ပြချက်သည် “လိုရာဆွဲပြီး ပြည်သူတွေကို မျက်စေ့လည်အောင် လုပ်တာပဲ” ပာု ဆရာဦးအေးလွင် က မြန်မာမွတ်စ်လင်မ် မီဒီယာ သို့ပြောသည်။
တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည့် သံသယများ၊ အကြမ်းဖက်မှုများ နှင့် စပ်လျှဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲသို့ ဘာသာပေါင်းစုံမှ ဆရာတော်များ၊ နိင်ငံရေး နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်နေသူများ တက်ရောက်ကာ ငြိမ်းချမ်းရေး တရားများ၊ စကားများ၊ အကြံပြုချက်များကို အသီးသီး တင်ပြခဲ့ကြသည်။

No comments :

Post a Comment

Blogger Widgets
Back to Top