Blogger Widgets

Tuesday, 25 June 2013

မြန်မာရေတပ်အရာရှိများ ပါကစ္စတန်တွင် ရေငုတ်သင်္ဘော စစ်သင်တန်း တက်ရောက်နေ

မြန်မာရေတပ်က အရာရှိ ၂ဝ လောက်ဟာ ပါကစ္စတန်နိုင်ငံမှာ ရေငုတ်သင်္ဘော စစ်ဆင်ရေးသင်တန်း တက်ရောက်နေတယ်လို့ Jane’s ကာကွယ်ရေးစာစောင်က ဒီကနေ့ ဖော်ပြပါတယ်။
မြန်မာရေတပ်က အရာရှိတွေဟာ ပါကစ္စတန်ရေတပ်နဲ့ ရေငုတ်သင်္ဘော သင်တန်းကျောင်းမှာ မေလဆန်းပိုင်းလောက်ကစလို့ ရေငုတ်တာ၊ ရေငုတ်သင်္ဘော မောင်းနှင်တာ၊ အသံလှိုင်းနဲ့ ရေအောက်မှာရှိတဲ့ အရာဝတ္ထုတွေရဲ့ တည်နေရာကို ရှာဖွေဆန်းစစ်တာစတဲ့ အခြေခံသင်တန်းတွေ ဆည်းပူးနေကြတယ်လို့ သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး စာစောင်မှာ ရေးသားထားပါတယ်။
ပါကစ္စတန်ရေတပ်ဟာ ပြင်သစ်နိုင်ငံထုတ် ရေငုတ်သင်္ဘောတွေကို အဓိကအသုံးပြုနေပြီး၊ ၁၉၆ဝ တိုက်ကထုတ်တဲ့ ရေငုတ်သင်္ဘောနှစ်စီးနဲ့ ခေတ်မီ ရေငုတ်သင်္ဘော ၃ စင်းရှိတယ်လို့ ဆိုပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top