Blogger Widgets

Sunday 26 May 2013

ထိုင်းနိုင်ငံအခြေစိုက် purple co, ltd ၏ အစီအစဉ်ဖြင့် မဟာချိုင်ဒေသရှိ ကြက်သားစက်ရုံ အချို့တွင် အလုပ်လုပ်ကိုင်ရန် စီစဉ်နေဆဲ

**(မေလ ၂၆ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)**

ထိုင်းနိုင်ငံအခြေစိုက် purple co, ltd ၏ အစီအစဉ်ဖြင့် မဟာချိုင်ဒေသရှိ ကြက်သားစက်ရုံ အချို့တွင် အလုပ်လုပ်ကိုင်ရန် စီစဉ်နေဆဲ မြန်မာအလုပ်သမား ၃၀ ဦးတို့အား သက်ဆိုင်ရာ ကုမ္ပဏီမှ ကုန်ကျစရိတ် (ဘတ် ၁၂၀၀၀) အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  (JACBA ဦးမိုးကြိုးက MOU အကြောင်း ပညာပေးဆွေးနွေးနေစဉ်)

 ( မြ၀တီမြို့ရောက်MOU မြန်မာအလုပ်သမားတို့၏ အထောက်အထားများ)

မြန်မာနိုင်ငံ၊ မကွေးတိုင်း၊ အောင်လံမြို့နယ်မှ (၂၄)ဦး၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှ (၁)ဦး၊ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှ (၁)ဦး၊ ထန်းတပင်မြို့နယ်မှ (၁)ဦး၊ လက်ပတန်းမြို့နယ်မှ (၁)ဦး၊ ညောင်လေးပင်မြို့နယ်မှ (၁)ဦး၊ ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်မှ (၁)ဦး၊ စသည်တို့သည် လူပွဲစားအဆင့် ၃ ဆင့်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် စီစဉ်ကြခြင်းဖြစ်၏။ ထိုသို့စီစဉ်ခဲ့ရာမှ ထိုင်းနိုင်ငံ၏ အခြေစိုက် purple Co, Ltd မှ ကြက်သားလှီးရန်အတွက် ကြက်သားစက်ရုံသို့ သွားရမည်ဆိုကာ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့၌ MOU အစီအစဉ်ဖြင့် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ထို့သို့ စောင့်ဆိုင်းနေကြစဉ် Purple Co, Ltd က အလုပ်သမားခေါ်စာ မရရှိသဖြင့် ကုန်ကျစရိတ်(ဘတ် ၁၂၀၀၀) စီကို ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်၏။ ဤပြန်လည်ရရှိသော ကုန်ကျစရိတ်(ဘတ် ၁၂၀၀၀) အနက်မှ ကြားပွဲစားနှစ်ဦးက အဆင့်ဆင့်ဖြတ်တောက်ထားကြသဖြင့် တစ်ဦးလျှင် ကျပ် ၂ သိန်းခန့် (ထိုင်းဘတ်ငွေ ၆၂၀၀ ခန့်) သာ လက်ဝယ်ရရှိကြကြောင်း သတင်းရရှိသည်။

(Interview   with  DVB)
မည်သို့ဆိုစေကာမူ MOU အစီအစဉ်ဖြင့် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမားများထဲမှ ဤလူ ၃၀ ယောက်၏ မူလကုန်ကျငွေကို ပြန်လည်ရရှိစေရန် ပြည်ပအလုပ်အကိုင်ကြီးကြပ်ရေးကော်မတီ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)က ကွင်းဆင်းစီစဉ်အကျိုးဆောင်ပေးခဲ့ခြင်းဖြစ်သည်။

သတင်းနှင့် ဓာတ်ပုံ-သောင်ရင်းနဂါး
Photo-JACBA(ဘတ် ၁၂၀၀၀ ပြန်လည်ရရှိခဲ့ကြသော မြ၀တီမြို့ရောက် MOU မြန်မာအလုပ်သမားများနှင့် ဦးမိုးကြိုး)

No comments :

Post a Comment

Blogger Widgets
Back to Top