Blogger Widgets

Thursday, 2 May 2013

Meikhtila-refugees-305
ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္တီလာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ယာယီဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရသူတချို့ကို နေရပ်ပြန်ပို့ပြီး ဒုက္ခသည်စခန်း ၃ခု ကို ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။
ယာယီဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ အမှတ်(၁)၊ အမှတ်(၃)နဲ့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွေက ဒေသခံတွေကို ပြည်သာယာ(တောင်)၊ ပြည်သာယာ(မြောက်)၊ ရတနာ မာန်အောင်၊ သာယာကုန်း(၁)၊ သာယာကုန်း(၂) စတဲ့ ရပ်ကွက်တွေမှာ ပြန်လည်နေရာချထားပေးတာ ဖြစ်ပါတယ်။
ဒေသခံတွေကို ပြန်လည်နေရာချထားပေးရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အာဏာ ပိုင်တွေနဲ့ အတူ ကူညီဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနဲ့
ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုခိုင်က RFA ကို ပြောပါတယ်။
ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရတနာမာန်အောင်ရပ်ကွက်က အိမ်ထောင်စု ၁၁၈ စုနဲ့
ဒေသခံ ၅၂၄ ယောက်ကို မနေ့က ပြန်လည်နေရာချထားပေးပြီး ဖြစ်ပါတယ်။
ဆက်လက်ပြီး သီရိမင်္ဂလာ၊ ရန်မျိုးအောင်၊ ချမ်းအေးရပ်ကွက်၊ နန်းတော်ကုန်းနယ်မြေ စတဲ့ ရပ်ကွက်တွေကို ပြန်လည်နေရာချထားပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မိတ္တီလာမြို့ပေါ်မှာ အရေးပေါ်စီမံချက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို မနက်ဖြန်မှာ ပြန်လည် ရုပ်သိမ်းမှာ ဖြစ်ပြီး လုံခြုံရေးတာဝန်ယူထားတဲ့ စစ်တပ်ရင်း ၂ ရင်းဟာလည်း ပြန်လည်ဆုတ်ခွာမှာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top