Blogger Widgets

Monday, 27 May 2013

ကမ္ဘာ့ အသေးဆုံး ရဟတ်ယာဉ် CCP ကုမ္ပဏီက လာမည့်လတွင်ဖြန့်ချိမည်

တိုကျို  မေ   ၂၅
Namco Bandai ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် အွန်လိုင်းမှ တစ်ဆင့် လက်လီရောင်းချသော ဂျပန်နိုင်ငံမှ CCP ကုမ္ပဏီသည် Nano-Falcon အမည်ရှိ အနီအောက် ရောင်ခြည်သုံး ထိန်းချုပ်
မောင်းနှင်နိုင်သော ကမ္ဘာ့အသေးဆုံး ရဟတ်ယာဉ် တစ်စင်းကို လာမည့်လတွင်  ဖြန့်ချိသွားမည် ဖြစ်ကြောင်း  သိရသည်။
အဆိုပါ ရဟတ်ယာဉ်သည် အလျား၆၅ မီလီမီတာရှိပြီး အလေးချိန်အားဖြင့်၁၁ ဂရမ်မျှသာ ရှိကြောင်းနှင့် ကမ္ဘာ့အသေးဆုံး ရဟတ်ယာဉ်အဖြစ် ဂင်းနစ်မှတ်တမ်းတွင် စံချိန်တင်ခဲ့ကြောင်း  သိရသည်။ အမေရိကန်ဒေါ်လာ ၄၆ ဒေါ်လာတန်ဖိုးရှိ ယင်းရဟတ်ယာဉ်တွင် အားပြန်လည် သွင်းနိုင်သော ဘက်ထရီတစ်ခု ပါဝင်ကြောင်းနှင့် ယင်းဘက်ထရီသည် မိနစ် ၃ဝ ကြာ အားသွင်းပြီးနောက် ၅ မိနစ်ကြာ ကောင်းစွာ ပျံသန်းနိုင်သည့်အပြင် USB မှတစ်ဆင့်  အားပြန်လည် သွင်းနိုင်ကြောင်း သိရသည်။ 

No comments :

Post a Comment

Blogger Widgets
Back to Top