Blogger Widgets

Sunday 26 May 2013

ကျောက်မျက်ရတနာ တူးဖော်လုပ်ကိုင်သူများကို ခွင့်ပြုမိန့်များ ထုတ်ပေးမည်

ရန်ကုန် (မဇ္ဈိမ)။   ။ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ရှိ လုပ်ကွက်များအတွက် ကျောက်မျက်ရတနာ တူးဖော်လုပ်ကိုင်လိုသူများကို ခွင့်ပြုမိန့် ထုတ်ပေးတော့မည်ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှတဆင့် သိရသည်။
“သက်တမ်းကုန်ဆုံးမယ့် သတ်မှတ်လုပ်ကွက်တွေ၊ ဖော်ထုတ်လုပ်ကွက်တွေနဲ့ လစ်လပ် လုပ်ကွက်တွေအတွက် နိုင်ငံသားပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမဝါယမ အသင်းများကို ခွင့်ပြုမိန့်ထုတ်ပေးတော့မှာပါ” ဟု ယင်းကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
လျှောက်ထားလိုသူသည် အဆိုပြုလွှာနှင့်အတူ ငွေကြေးခိုင်မာမှုရှိကြောင်း ဘဏ်တခုခုမှ (Bank Statement) ကို ပူးတွဲလျှောက်ထားရမည် ဖြစ်သည်။
“အဆိုပြုလွှာ တင်သွင်းတဲ့အခါ အမည်မည်းစာရင်း တင်သွင်းခံရတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို ခွင့်မပြုထား ပါဘူး။ မြန်မာ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းကို အာမခံ စဘော်ငွေ အဖြစ် ကျပ် ၁၀ သိန်း
ပေးသွင်းရမှာပါ” ဟု အဆိုပြုလွှာ တင်သွင်းမည့် လုပ်ငန်းရှင် ဦးကျော်မင်း က ပြောသည်။
လျှောက်လွှာများကို နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ်သို့ မေလ၂၇ ရက်မှ ဇွန်လ ၂၆ ရက်အမီ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top