Blogger Widgets

Thursday 30 May 2013

သဲစုပ်ရေယာဉ် တိုက်မိ၍ ငမိုးရိပ် ကြိုးတံတား၏ တံတားထိန်းကြိုး ပြတ်သွားပြီး တစ်ဖက်သို့ အနည်းငယ် တိမ်းစောင်းသွား

ngamoeyeik-may30
ငမိုးရိပ် ကြိုးတံတား၏ ဘေးထိန်းကြိုးများ ပြတ်သွားသောခြမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ မြောက်ဥက္ကလာပမြို့နယ်သို့ ဆက်သွယ်ထားသော ငမိုးရိပ် ကြိုးတံတား၏ ဘေးတံတားထိန်း ကြိုးများမှာ မေ ၂၉ ရက် နံနက် ၉ နာရီခွဲက ပြတ်သွားသဖြင့် တံတားပေါ် ဖြတ်သန်းခွင့်ကို ယာယီပိတ်ထားကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။
တံတားဘေးထိန်းကြိုးများ ပြတ်သွားရခြင်း၏ အကြောင်းရင်းမှာ ချောင်းအတွင်း သဲစုပ်ယူသော အဏ္ဏ၀ါအမည် ရေယာဉ်တစ်စင်း တိုက်မိသောကြောင့် တံတားဘေးထိန်းကြိုး ၁၀ ကြိုး ပြတ်သွားကြောင်း သိရသည်။ ထိုသို့ ကြိုးပြတ်သွားမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရပြီး တံတားမှာ တစ်ဖက်သို့ အနည်းငယ်စောင်းသွားကြောင်း မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
"တံတားကို မြို့နယ်လမ်းတံတား ဆောက်လုပ်ရေးအဖွဲ့က လာရောက်ပြုပြင်မယ်လို့ အကြောင်းကြားထားတယ်။ ပိုင်ရှင်ကလည်း ပြန်လည်ပြုပြင်ပေးမယ်လို့ ပြောတာကြားထားတယ်။ တိုက်တဲ့ရေယာဉ်ကို ဘယ်လိုအရေးယူမလဲ ဆိုတာကိုတော့ သက်ဆိုင်ရာ ရဲစခန်းက တာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်" ဟု အဆိုပါ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top