ရန်ကုန် မေ ၂၃
မော်တော်ယာဉ် လိုင်းပေါင်းစုံ
ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီနှင့် မီဒီယာများ တွေ့ဆုံပွဲ
အခမ်းအနားကို ယမန်နေ့က မထသ(ဗဟို) အစည်းအဝေး ခန်းမ၌ ကျင်းပရာ မထသ(ဗဟို) ဥက္ကဋ္ဌ
ဦးလှအောင်၊ တာဝန်ရှိသူများ နှင့် စာနယ်ဇင်း အသီးသီးမှ မီဒီယာများ
တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က
ယခုအခါ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် ခရီးသည်တင် ဘတ်စကားများ
အနေဖြင့် ဘရိတ်၊ ဝိုင်ဘာ၊ မှန်၊ အမိုးနှင့် မော်တော် ယာဉ် အောက်ပိုင်း
ကြံ့ခိုင်မှု ကောင်းရန် အထူး လိုအပ်လှသည်။ အထက်ပါ ချွတ်ယွင်းမှု များကို
လိုက်နာမှု မရှိသော မော်တော်ယာဉ် များကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း၊
ယင်းအပြင် ရန်ကုန်မြို့တွင် လက်ရှိ ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်း ၃၉၅
လိုင်းရှိရာ အချို့ လိုင်းများတွင် တစ်စီး၊ နှစ်စီးဖြင့် ပြေးဆွဲလျက်
ရှိသောကြောင့် ယာဉ်လိုင်း ဖောင်းပွမှု မရှိစေရန် အချို့ယာဉ် လိုင်းများကို
ပေါင်းစည်း၍ ပြေးဆွဲ စေပါကြောင်း။
၎င်းအပြင် CNG ကုဗပေ တစ်သန်း အတွက် ယာဉ်စီးရေ
၂၁ဝ ခန့် လျှောက်ထားခဲ့ရာ အချို့မှာ ခွင့်ပြုချက် ကျနေပြီ ဖြစ်သဖြင့်
လိုင်းကားစီးရေ နည်းပါးမှုကို အထိုက်အလျောက် လျော့ပါးစေ မည်ဖြစ်ကြောင်း၊
ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ စည်းကမ်း ဖောက်ဖျက်မှုများ ရှိပါက
တိုင်ကြား နိုင်ပါကြောင်း၊ ယခုအခါ (Website)၊ ဖုန်းတို့ဖြင့် တိုင်ကြားလာမှု
များကိုလည်း အရေးယူလျက် ရှိပါကြောင်း၊ ၎င်းအပြင် စီးပွားရေး တက္ကသိုလ်သို့
ခေါက်တို ပြေးဆွဲရန် ယာဉ် (၁ဝ)စီး တောင်းဆိုမှု ကိုလည်း သက်ဆိုင်ရာသို့
တင်ပြ ထားပါကြောင်း ပြောကြားသွား သည်။
ထို့နောက် တက်ရောက် လာကြသော မီဒီယာ
အသီးသီး၏ မေးမြန်းချက် များကို ဖြေကြားခဲ့ကြောင်း သိရသည်။ မီဒီယာ တစ်ဦး၏
မေးမြန်းချက် ဖြစ်သော ဘတ်စကားတွင်း မိုးယို၍ ထီးဆောင်းပြီး ကားစီး
နေရကြောင်း မေးမြန်း ချက်ကို ယခု အပတ်မှစ၍ ယာဉ်များ၏ ကြံ့ခိုင်မှုများကို
စစ်ဆေးအရေးယူ သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့ကြောင်း
သိရသည်

No comments :
Post a Comment