Blogger Widgets

Friday 3 May 2013

သုခပရဟိတဆေးခန်း တုံကင်နံပါတ်အား ဖုန်းဖြင့်သာ လက်ခံတော့မည်

ဦးကျော်သူ၏ သုခပရဟိတ ဆေးခန်း၏ တုံကင်နံပါတ်အား ယခင် ကျင့်သုံးခဲ့သော စောင့်ဆိုင်းတန်းစီ ယူစနစ် အစား မေလ ၇ ရက်နေ့မှ စတင်ကာ ဖုန်းဖြင့်သာ တုံကင်ယူခြင်း လက်ခံတော့မည်ဟု သုခဆေးခန်း၏
ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။

ထိုပြောရေးဆိုခွင့်ရှိသူက “ အရင်က တုံကင်နံပါတ်ကို စောင့်ယူရတဲ့ အချိန်တုန်းက နေရာယူပြီး တုံကင်နံပါတ်ကို
ပြန်ရောင်းစားတဲ့ သူတွေရှိတယ်။ နောက်ပိုင်း စည်းကမ်းတင်းကျပ် လိုက်တော့ အဲဒီလို အဖြစ်မျိုးတွေ မရှိတော့ ပါဘူး။ ဒီစနစ်ကို လာရောက်ကုသတဲ့ လူနာတွေ အတွက် တုံကင်နံပါတ် စောင့်ဆိုင်း ယူရတဲ့ ဒုက္ခကို ပပျောက်
စေချင်လို့ ကျင့်သုံးတာပါ ” ဟုဆိုသည်။

ယခင်က ဆေးခန်းသို့ တုံကင်ယူသည့်စနစ်တွင် လာရောက်ကုသမည့် လူနာ၏ မှတ်ပုံတင်နှင့် သန်းခေါင်းစာရင်း လိုအပ်ကာ ယခုဖုန်းနှင့်တုံကင် ယူသည့်စနစ်တွင် လိုအပ်မလိုအပ် သေချာမသတ်မှတ်ရသေးကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ တုံကင်နံပါတ်အား ဖုန်းဖြင့် လက်ခံမည့် အချိန်မှာ မနက် ၉ နာရီမှ နေ့လည် ၁၁ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။

သုခဆေးခန်းအား ၂၀၀၇ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးခန်းဖွင့်ချိန်မှာ မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိရှိသည်။ သုခဆေးခန်းတွင် ဆရာဝန်အင်အား ၄၀ကျော် ၅၀နီးပါးရှိကာ လာရောက်ကုသသူ လူနာများ သည် စာအုပ်ဖိုး ၂၀၀ကျပ်သာ ပေးဆောင်ရန်လိုအပ်သည်။ နေ့စဉ်လူနာ ၂၀၀ ၀န်းကျင်ခန့် လာရောက်ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်

No comments :

Post a Comment

Blogger Widgets
Back to Top