Blogger Widgets

Monday 27 May 2013

မဲဆောက်တံတားထိပ်က ပွဲစားနှိမ်နင်းမှုစစ်ဆင်ရေး

နေ့စဉ် နေ့တိုင်း မြန်မာပြည်သားများ တရားဝင် ၀င်ထွက်ရာ ချစ်ကြည်ရေးတံတားထိပ်ရှိ မဲဆောက်
ထိုင်းလ၀က စစ်ဆေးရေးဂိတ် (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ) ထိုင်းအာဏာပိုင်တွေက လိုက်
လံဖမ်းဆီးတဲ့အတွက် ဒီနေ့ မြန်မာပွဲစား ၁၀ ဦးလောက် အဖမ်းခံခဲ့ရပါတယ်တဲ့။

မဲဆောက် ဘက်ခြမ်း ချစ်ကြည်ရေး တံတားအနီးမှာ အခြေချတဲ့ ပွဲစားတွေဟာ ဘန်ကောက် အပါအ၀င် ထိုင်းနိုင်ငံ အတွင်းပိုင်း ကနေ ပြန်လာကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကျိုးဆောင်ပေး
ကြပါတယ်။

ဒီလို စာရွက်စာတမ်းကိစ္စ အကျိုးဆောင်ပေးရာမှာ လိမ်ညာလှည့်စားတဲ့ ပွဲစား အများအပြား ရှိနေတာပါ။

ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း မြန်မာပြည်သို့ ယာယီ ပြန်ခြင်း ထိုင်းသို့ ပြန်ဝင်ခွင့်လျှောက်
ထားခြင်းတို့အတွက် ငွေကြေး အများအပြား တောင်းခံပြီးတော့ အမှန်တကယ် အကျိုးဆောင်ပေးခြင်းမရှိ
ကြတာတွေ များလာပြီလို့ သိရပါတယ်။

ဒါ့အပြင် ယာယီနိုင်ငံကူးလက်မှတ်တွေကို အစဖျောက်တာတွေလုပ်လာတဲ့အတွက် အခုလို နှိမ်နင်း ဖမ်း
ဆီးရတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အဲလိုပွဲစားမျိုး ထိုင်းဘက်ခြမ်း တံတားအနီးမှာ နေ့စဉ် အရေအတွက် ၅ဝ အထက်မှာ ရှိတယ်လို့ မြန်မာ
ပွဲစားတဦးကပြောပါတယ်။

“မကောင်းတဲ့ပွဲစားကြောင့် ကောင်းတဲ့ပွဲစားတွေပါ ဒီနေ့ ခွေးပြေးပြေးကြရတယ်” လို့ သူက ဆိုပါတယ်။

တချို့ဆိုရင် ဘန်ကောက်ပြန် မြန်မာ အလုပ်သမားတွေ ကို ကျလောက်အောင်ပြောပြီး ယာယီနိုင်ငံကူး
စာအုပ်နဲ့ ငွေကြေးအပြင် အထုတ်အပိုးတွေကိုပါ လိမ်ညာသွားတဲ့အမှုတွေ နေ့တိုင်းနီးပါးရှိတယ်လို့လည်း အဲဒီပွဲစားက ဖြည့်စွက်ပြီး ပြောပါသေးတယ်။

အများဆုံးခံရတာကတော့ မလည်မ၀ယ်နဲ့ပြန်လာတဲ့လူတွေဖြစ်ပြီး တဖက်သားရဲ့မုသားကို အယုံလွယ်
ကြတဲ့အတွက် ဒုက္ခရောက်ကြရတာဖြစ်တယ်လို့ တံတားထိပ်မှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ထိုင်းလူ
မျိုး ဖိကယောက် က ပြောပါတယ်။

ဖိကယောက်က “သတိ မရှိလို့ကတော့ ဘာမှကျန်မှာ မဟုတ်ဘူး။ အလိမ်ခံရလို့ကတော့ ထိုင်းနဲ့မြန်မာ
အာဏာပိုင်တွေလည်း ဘာမှလုပ်ပေးလို့မရဘူး၊ ကိုယ်ကယုံလို့ဖြစ်ရတာ” လို့ ဆိုပါတယ်။

ထိုင်းလ၀ကကတော့ ဖမ်းမိတဲ့ မြန်မာပွဲစားတွေကို အရေးယူမယ်၊ နောက်နေ့တွေမှာလည်း လျှပ်တပြက်
ဖမ်းဆီးတာတွေရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကိုတော့ ယာယီနိုင်ငံကူးလက်မှတ်ရရှိရေး အကျိုး
ဆောင်လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တချို့က သဘောမတွေ့ကြပါဘူး။

အကျိုးဆောင်လုပ်ငန်းရှင်တဦးက ... “ထိုင်းလ၀ကအဖွဲ့က တကယ်ပြတ်ပြတ်သားသား မလုပ်လို့ပါ။ တကယ် လုပ်ရင် ဘယ်ကောင်မှ ကပ်လို့ မရဘူး။ အခုလည်း ဒီနေ့ ကစပြီး ဖမ်းတဲ့ ကိစ္စကို တကယ်
ဟုတ်မဟုတ် စောင့်ကြည့်ရအုံးမယ်၊ အခုဖမ်းတာက တိုင်တဲ့လူများလို့ဆိုပြီး သိရတယ်” လို့ ဧရာဝတီ
သတင်းဌာနကို ပြောပါတယ်။

ဒီနေ့မှာ ကနဦးဖမ်းဆီးမှုစတာနဲ့ မြန်မာပွဲစားတွေက အချင်းချင်း လက်ကိုင်ဖုန်းတွေနဲ့ အသိပေးကြတဲ့
အတွက် တိမ်းရှောင် လွတ်မြောက်သွားတာတွေ ရှိကြောင်း သိရပါတယ်။

မြန်မာပွဲစားတဦးပြောတာက ... ”ပွဲစားတွေထဲမှာ ထိုင်းလ၀ကတွေ မွေးထားတဲ့ ပွဲစားတွေ ရှိပါတယ်။ သူတို့ကျတော့ ဘာပြဿနာမှမရှိဘူး” တဲ့။

ဘန်ကောက်ပြန် မြန်မာအလုပ်သမားတွေဟာ မြန်မာဘက်ပြန်ဘို့အတွက် ရုံးလုပ်ထုံးလုပ်နည်းအရ နှစ်
နာရီသုံးနာရီကြာ တန်းစီရပါတယ်။

ပွဲစားကို ဘတ်ငွေ ၃၀၀ ကနေ ၅၀၀ ကြား အပိုပေးလိုက်ရင် တန်းစီဘို့မလိုဘဲ အမြန်ရပါတယ်။ ဒီအခြေအနေမှာ မသမာတဲ့ မြန်မာပွဲစား အများအပြားက အမြတ်ထုတ်ကြတာဖြစ်တယ်လို့ သိရပါတယ်။

အကျိုးဆောင်လုပ်ငန်းတခုက စာရေးကိုညိုပြောတာက ... “မဲဆောက်ပြန်ရောက်ရင် တချက်လွဲတာနဲ့ တသက်မွဲနိုင်တယ်။

ဘန်ကောက်ပြန်တွေမဲဆောက်ရောက်ရင် ဒီကိစ္စကို အထူးသတိရှိဘို့လိုတယ်။ ဒါမျိုးက ကိုယ်ဖြစ်ကိုယ်
ခံပဲ။ ကယ်မယ့်လူမရှိဘူး” လို့ ရှင်းပြပါတယ်။

မကြာခဏသူမြင်တွေ့ရတဲ့ မြန်မာအလုပ်သမားတွေဒုက္ခရောက်ကြပုံကို ရည်ညွန်းပြောဆိုတာပါ။

ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၁၃ သိန်းလောက်ရှိတဲ့
အနက်က အများစုဟာ မြန်မာနိုင်ငံကိုပြန်ရင် မဲဆောက်-မြ၀တီလမ်းကြောကို အသုံးပြုကြပါတယ်။

ပတ်စ်ပို့ ပွဲစားတွေရဲ့ မသမာမှုတွေက ဒီကနေ့ ပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ယာယီ ရပ်ဆိုင်းသွားပါ
တယ်။

No comments :

Post a Comment

Blogger Widgets
Back to Top